Sunday, March 2, 2008

သွေးဖေါက်ထားသောကဗျာ



(၁)
တရားဥပဒေကို
သေနတ်နဲ့ ပစ်ဖောက်
ရူးရူးမိုက်မိုက်
အမှန်တရားထွင်နေတဲ့
လူမိုက်တစု...။

(၂)
စစ်သားလို့ ဆိုထားတဲ့
စစ်သားအတုတွေကို
နေဘုန်းလတ် ရေးထားတဲ့
“ကျနော်လွတ်ကျသွားတဲ့မြို့ပြ” ကြီးမှာတွေ့လိုက်ရတယ်…။

(၃)
ဆင်သရေကို
စစ်သရေနဲ့ဖုံးဖို့ပါပဲ…။

(၄)
မြန်မာပြည်တနိုင်ငံလုံးမှ
ငါတို့၏ ရဲဘော်ကြီးများ
“အရူံးမပေးသရွေ့”
ဘယ်တော့မှ အရူံးမပေးဘူး
အမှန်တရားဟာ
ငါတို့ ၏ လက်ထဲ
လက်ချင်းကမ်းဖောက်
ကဗျာသွေးဖောက်လိုက်ချင်တာက
“သေဖို့ အတွက်မဲပေးမလား
ရုင်ဖို့ အတွက်ကန့် ကွက်မလား”ဆိုတာပဲ..။

ဂေါသစ္စ


No comments: