Monday, March 31, 2008

(၃၀) ရက်မြောက် ခရီးရှည်ချီတက်ခြင်း

ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတဦး


အမိမြန်မာပြည် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ငြိမ်းချမ်း ရေး တို့အတွက်၊မိုင်ပေါင်း(၃၀၀၀)ကျော်ချီတက်နေတဲ့ ၈၈မျိုးဆက်ကျောင်းသား ရဲဘော်အေ သင်နဲ့ ရဲဘော်ဇော်မင်းထွေးတို့ နှစ်ဦးရဲ့ခရီးရှည်ချီတက်နေမှုဟာ ယနေ့ဆိုလျှင် ရက် (၃၀)ရှိခဲ့ ပြီး မိုင်ပေါင်း(၆၅၀)ခန့် ဖြတ်သန်းခဲ့ပါပြီ။


ယခုဆိုလျှင် (UTAH)ပြည်နယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်၊ ရာသီဥတုကတော့ ဆိုးနေဆဲပါ၊ နှင်းကျလိုက် နှင်းမိုးတွေရွာလိုက် လေတိုက် လိုက်နဲ့ အလွန်အေးခဲနေဆဲဖြစ်ကြောင်း သိရ ပါတယ်။ လမ်းခရီးတလျှောက် သတင်းဌာနတွေရဲ့ သတင်းယူမေးမြန်းမှူနဲ့ ကြုံတွေ့ရပါတယ်။ အမေရိကန်နိုင်ငံရဲ့နံမည်ကြီးTV သတင်းဌာနတခုဖြစ်တဲ့ FOX သတင်းဌာန နဲ့ Interview လုပ်ခဲ့ကြောင်းလည်းပြောပါတယ်။ (UTAH) ပြည်နယ်ရှိ မြန်မာမိသားစု ၈၀ ခန့်က ရဲဘော်အေသင်နဲ့ ရဲဘော်ဇော်မင်းထွေးတို့ကို ထောက်ခံကြိုဆိုကြကြောင်း သိရပါတယ်။ လမ်းခရီးမှာ အခက်အခဲကြီးမားတဲ့ရင်ဆိုင်ရမှူတွေ မကြုံတွေ့ရပေမယ့် ရာသီဥတုက အလွန်အေးနေဆဲဖြစ်တာရယ် လေတိုက်နေတာ ရယ်ကြောင့် သိပ်ပြီးခရီးမရောက်လှဘူးလို့ဆိုပါတယ်။သူတို့နှစ်ဦးကတော့ ဇွဲမလျှော့ပဲဆက်လက်ချီတက်နေမြဲပါပဲ၊ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူ များ အနေဖြင့် ၀ိုင်းဝန်းထောက်ခံကြဖို့ ကျ နော်တို့ အကြာင်းကြားလိုက်ပါတယ်။

5 comments:

ယုန်ကလေး said...

အခုလို လုပ်တာ အားပေးပါတယ် ကိုယ်တိုင်လည်း ပါဝင် ချင်တယ် ယုန်လေး အကိုတိုကို ဂုဏ်ယုပါတယ်နော် ဆက် လက်ကြိုးစားပါ

ငြိမ်းစု said...

ယုန်ကလေး
လုပ်နိုင်တာတွေကို ကြိုးစားလုပ်နေကြတာပါ။ ယုန်ကလေးလဲ လုပ်နိုင်တာတွေလုပ်နေတာပဲ။
အဓီက က မြန်ပြေ ငြိမ်းချမ်းဖို့ပဲလေ။
အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Cypher said...

ဘယ်လိုမှ မအောင့်မေ့နဲ့ဗျာ။ သူတို့က ဘာလို့ အမေရိကန် အလံကို ကိုင်ထားတာလဲ။

မြန်မာပြည်ကိုလွမ်းတယ် said...

လေးစားတယ်၊ဂုဏ်ယူတယ်အကိုရာ။
ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ.လေးစားစရာသိပ်
ကောင်းတဲ့သူတို.အတွက် လှိုက်လှိုက်
လှဲလှဲခံစားရပါတယ်

ငြိမ်းစု said...

Cypher ရေ သူတို့ အမေရိကန်အလံကို ကိုင်ဆောင်ရခြင်းဟာ စည်းရုံးရေး သဘောပဲ ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ http://88portland.wordpress.com/မှာ မေးကြည့်နိုင်ပါက ပိုပြီး ပြောပြနိုင်ပါလိမ့်မယ်။