Thursday, March 13, 2008

မွေးနေ့မှာ အမျှဝေရခြင်း

ဒီနေ့ ... ကျနော် အသက်၄၀ ပြည့်တယ်။
ဒီနှစ်
... မွေးနေ့၊ မွေးရက် တထပ်တည်းကြတယ်။
လူတိုင်း ... ကိုယ့်မွေးနေ့မှာ ဘုရားသွား ကျောင်းတက်လုပ်ကြ၊ တချို့ကြ မွေးနေ့ပွဲလေးကျင်ပကြ၊ ပျော်ကြပေါ့။
ကျနော် ... မွေးနေ့ရောက်တိုင် မပျော်နိုင်ခဲ့တာ အနှစ် ၂၀ ရှိပြီ။

ဒီနေ့ ... ၁၉၈၈ ခုနှစ် ကျောင်းသားတို့၏ သွေး မြေကျခဲ့ရတယ်။
ဒီနေ့ ... R.I.T ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခဲ့တယ်။
ဒီနေ့ဟာ ... မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့ဖြစ်တယ်။
ဒီလို ... တိုက်ဆိုင်မှုတွေနဲ့ မွေးနေ့ကို ဘယ်လိုပျော်ရမှာလည်း၊ စာဖတ်သူ အနေနဲ့ ဘာလုပ်မလည်း။
ကျနော်က ... နှစ်စဉ် ဒီနေ့ရောက်တိုင်း ဘုန်းကြီးကျောင်းသွားပြီး ရေစက်ချ အမျှဝေခဲ့ရ။
မွေးနေ့ရေ ... အမျှ ... အမျှတော့ မဟုတ်ဘူးပေါ့။

ငြိမ်းစု


2 comments:

မြန်မာပြည်ကိုလွမ်းတယ် said...

အကိုရေ..တိုက်တိုက်ဆိုင်ဆိုင်နော်။အကို.
မွေးနေ.ရောက်လို.ကုသိုလ်ပြုတိုင်းစိတ်
မကောင်းခြင်းတွေနဲ.နေမှာပဲနော်။

ငြိမ်းစု said...

မြန်မာပြည်ကိုလွမ်းတယ် .. ဟုတ်တယ် ကျနော့်တသက် ဘယ်တော့မှ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ဆိုတာ မရနိုင်တော့ဘူးပေါ့။