Thursday, April 17, 2008

နှစ်သစ်နှင့် တွေ့ ဆုံခြင်း

နှစ်ဆန်းတရက် မနက်မှ
အတာရေ ဖြန်းပက်ခြင်း ခံလိုက်ရတယ်။

ပိတောက်နဲ့ ငုဝါ
တူယဉ်စွာ ဖူးပွင့်
ကြူရင့်တဲ့ တေးသင်္ကြန်
မြန်မာဆန်လို့ ပေါ့ ။

ယမင်းလှပျို မဒီ
စီညီစွာ”က”ခုံ
ဖူးငုံ ပိတောက်
ဆံထက်မှာ တောက်နေ့ပေါ့ ။

အတွေးစကို လှမ်းအကြည့်
အမြင်မရှိတဲ့ ငါ့ ဘဝ
ခံစားရပေမယ့့် ။

အတာရေတစက်
ဖြန်းပက်ခြင်း ခံလိုက်ရတယ်
နှစ်ဆန်းတရက် မနက်မှပေါ့ ။

(မိမိဘ၀ကို ပြန်လည် ခံစားသည်)


6 comments:

ein said...

နှစ်ဆန်းတစ်ရက် မနက်မှ အတာရေတစက် ဖြန်းပက်ခြင်း ခံလိုက်ရတယ်ဆိုပါလား အဲ့ ပြောပြ ပါ ဘူတူ လာဖြန်းသွားတာလဲဗျ...း)
အဆင်ပြေပါစေ အကိုငြိမ်းစုရေ...။

မေမိုးမခ said...

အင်း လွမ်းတော့လွမ်းစရာကြီးပဲ သင်္ကြန်အတွင်း နှစ်ဆန်းတစ်ရက်ပဲ ရေပက်ခံရတယ်ဆိုတော့။ ဒီမှာ ရေပက်ခံရလွန်လို့ ထွက်ပြေးနေရတာ။ သိရင်ခေါ်ပါတယ်။
ယိမ်းအကကြည့်ဖို့ရောဘဲ။
ပျော်ရွှင်သောနှစ်သစ်ပါရှင်။

ငြိမ်းစု said...

Ein ရေ မေးရက်လိုက်တာနော် ကျနော်ဘယ်လိုဖြေရမလဲ ကဗျာဖတ်လောသွားတယ်နဲ့တူတယ်။
ဒီအပိုဒ်ကလေးလေ
အတွေးစကို လှမ်းအကြည့်
အမြင်မရှိတဲ့ ငါ့ ဘဝ
ခံစားရပေမယ့့် ။

Tea said...

ဘယ်သူက နှစ်ဆန်း၁ ရက်မှာ ဖြန်းတာတုန်း..
ကျုပ်လည်းအားကျမခံ နှစ်ဆန်း ၂ရက်မှာ ဖြန်းတယ်..ဟီးဟီး.

Tea said...

နားလည်သွားပြီ။ အခုလို ဂျီတော့ကနေ ရှင်းပြချက်ကြောင့်..

ဖြစ်မှဖြစ်ရချည့်ရဲ့ကွယ်..

နောက်တစ်ခါ ရှည်ရှည်ဝေးဝေးမစဉ်းစားတော့ဝူး

Mirror said...

ဖော်ပြစရာ...စကားလုံးများမရှိပါ...။