Monday, April 21, 2008

ယဉ်ကျေးပျူငှာ တို့မြန်မာ

ကျနော့် ဘလောက်သို့ လာရောက် လည်ပတ်ကြသည့်အတွက် အထူးကျေးဇူးတင်ပါသည်။ ကျနော်တို့ အားလုံးသည် မြန်မာနိုင်ငံသားများဖြစ်ကြပါသည်။ မြန်မာ့ယဉ်ကျေးမှုကို ထိမ်းသိမ်း ရမည်ဖြစ်ပေသည်။ ထို့ကြောင့် C-Box တွင် ဆဲရေးတိုင်းထွာခြင်းကိုတော့ မလုပ်သင့်ပါ။ တဦး နှင့်တဦး နားလည်ခွင့်လွတ်ခြင်းဖြင့်သာ ပြောဆက်ဆံခြင်းသည်သာလျှင် ယဉ်ကျေးသိမ်မွှေ့ မြန် မာလူမျိုးများ၏ ဂုဏ်ကို စောင့်ထိမ်းရာရောက်ပါသည်။


1 comment:

လားရှိုးသူ said...

ဘလောဂ့် လုပ်တယ်ဆိုတာ ကိုယ့်အတွေး အမြင်တွေကို ရေးချလိုက်တာဘဲ၊ တယောက်နဲ့တယောက် အမြင်မတူတာကို ငါမြင်သလို မမြင်ရကောင်းလား၊ ဆဲရေးဖို့မလိုဘူးလို့ ကျမမြင်တယ်။ အော်သူကဒီလို မြင်နေပါလား ဆိုပြီး၊ တဦးထံမှ တဦး ပညာအတတ် သင်ယူ၊ နှီးနှောဖလှယ် ကြရမယ်လို့ ခံယူပါတယ်၊ ကျမအမြင်ကို လက်မခံတဲ့သူများစွာ ရှိနေလိမ့်မယ်၊ ဒါပေမဲ့ ဒါတွေဟာ ကျမအမြင်ကိုတင်ပြဖို့ အနှောက်အယှက် ဖြစ်မသွားစေဘူး၊ အားမလျှော့ပါနဲ့၊ ဆဲရေးတဲ့သူများကိုလည်း စိတ်မကွက်နဲ့၊ သူတို့ရဲ့ အဆင့်အတန်း၊ ကိုယ်ကျင့်သိက္ခာကို သိထားတော့ ရှောင်ရလွယ်တာပေါ့၊ ဗုဒ္ဓတရားဟော ထားတဲ့ အတိုင်း မပေါင်းအပ်သော မိတ်ဆွေလို့သဘောထားလိုက်ပါ။