Monday, May 19, 2008

မိုင်ပေါင်း(၃၀၀၀)ကျော် ခရီးရှည်ချီတက်ခြင်း


အမိမြန်မာပြည် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ငြိမ်းချမ်း ရေးတို့အတွက် မိုင်ပေါင်း(၃၀၀၀)ကျော် ချီတက်နေတဲ့ ၈၈မျိုးဆက်ကျောင်းသား ရဲဘော်အေ သင်နဲ့ ရဲဘော်ဇော်မင်းထွေးတို့ နှစ်ဦးရဲ့ခရီးရှည်ချီတက်နေမှုဟာ ယနေ့ဆိုလျှင် (၇၈) ရက် မြောက်ရှိခြဲ့ပီး မိုင်ပေါင်း(၂၀၀၀) ကျော်ဖြတ်သန်းခဲ့ပါပြီ ယခုဆှိုလျှင် သူတို့နှစ်ဦးဟာ (IOWA) ပြည်နယ်ကိုကျော်ဖြတ်နေပါတယ်။

သူတို့နှစ်ဦးရဲ့ချီတက်နေမှုအခြေအနေကအားရစရာပါ တနေ့ကို မိုင်(၃၀)ကျော်လျှောက်တယ် လို့ဆိုပါတယ်၊ ယခုဆိုရင် (၃)ပြည်နယ်ကို ကျော်ဖြတ်ခဲ့ပြီးပါပြီ၊ (IOWA) ပြည်နယ်ကို ကျော်ဖြတ်ပြီးရင် (Illinois,Indiana,Ohio,Pennsylvania) ပြည်နယ်တွေကို ကျော်ဖြတ်မှာ ဖြစ်ပါတယ်။

Iowa ပြည်နယ်ရှိ ကိုဇော်ဝင်းထွဋ်၊ကိုဝင်းကျော်တို့ ဦးဆောင်တဲ့ မြန်မာဒီမိုကရေစီ မိသားစု များက ရဲဘော်အေသင်နဲ့ရဲဘော်ဇော်မင်းထွေး တို့ကိုနွေးထွေးစွာကြိုဆိုရင်း တတ်နိုင်သမျှ ကူညီကြပါတယ်၊လောလောဆယ် ရာသီဥတုကတော့ကောင်းနေပါတယ် တခါတရံမိုးရွာလေ တိုက်တာနဲ့ ကြုံတာကလွဲရင် လမ်းတလျှောက်အဆင်ပြေနေတုံးပါ၊ယခုလို အမိမြန်မာပြည် ငြိမ်းချမ်ရေး၊ ပြည်သူလူထုဘ၀အေးချမ်းရေးတို့အတွက် သူတို့ တတ်စွမ်းသမျှ ကြိုးစားလုပ် ဆောင်နေချိန်မှာ မုန်တိုင်းဒဏ်ခံရလို့ ပြည်သူတွေသောင်းချီအသက်ဆုံးရှုံးသွားကြောင်း ကြားသိရတဲ့အတွက် အလွန်ဝမ်းနည်းကြေကွဲရပါကြောင်းပြောပါတယ်၊ ချီတက်နေရင်း စိတ်မ ကောင်းစရာ သတင်းဆိုးကို ကြားရတော့ ရဲဘော်အေသင်တယောက် လမ်းလျှောက်နေရင်း ၀မ်းနည်းမျက်ရည်တွေအဖြိုင်ဖြိုင်ကျခဲ့ရပါတယ်လို့ပြောပါတယ်၊မိနစ်တော်တော် ကြာကြာ လမ်းမလျှောက်နိုင်ပဲ လမ်းပေါ်မှာထိုင်ချရင်းပူဆွေးခဲ့ရပါတယ်လို့ဆိုပါတယ်။ အလွန်စိတ်ထိ ခိုက်နေပုံရပါတယ်။
နယူးယောက်ကိုရောက်နိုင်ဖို့ဆိုရင် နောက်ထပ်မိုင်ပေါင်း (၉၀၀)ကျော်ဆက်လျှောက်ရဦးမှာပါ၊ သြဂုတ်လ(၈)ရက်နေ့အရောက်ချီတက်မှာ ဖြစ်ပါတယ်။ နောက်ထပ်(၂)လကျော်ကျော် လျှောက်ရ ဦးမှာ ဖြစ်ကြောင်းသိရပါတယ်။

အမိမြန်မာပြည်ရေးကိစ္စတွေကို နိုင်ငံတကာရောက်မြန်မာပြည်သူများ အနေနဲ့ ရောနိုင်ငံတကာကပါ တတ်နိုင်သမျှ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ ကိုလည်း နှိုးဆော်လိုက်ပါတယ်၊ လေမုန်တိုင်းဒဏ် ခံရတဲ့ မြန်မာပြည် သူများကိုလည်း တတ်နိုင်သမျှ ကူညီကြဖို့လည်းပန်ကြားလိုက်ပါသေးတယ်။

ရဲဘော်အေသင်တို့ ရောက်လာမယ့် ပြည်နယ်အသီးသီးက မြန်မာဒီမိုကရေစီမိသားစုများကို မိမိတို့အနေနဲ့ မေတ္တာရပ်ခံအကူညီတောင်းပါတယ်။ သူတို့ရောက်လာကြရင် တတ်နိုင်သမျှ အကူအညီပေးကြဖို့ ကျနော်တို့ အကြောင်းကြားလိုက်ပါတယ်။

ကိုအေသင်-Ph-(971-285-7399)
ကိုဇော်မင်းထွေး-Ph-(919-357-6852)
ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတဦး

1 comment:

Unknown said...

သူတို.ရဲ.ဇွဲကို လေးစားပါတယ်..