Sunday, June 29, 2008

စုစည်းရွာ

တိုးသစ်

ဗီယက်နမ်စစ်ပွဲတုန်းက
သွပ်ဆူးကြိုးကာ ရွာမျိုး
စုစည်းရွာ
နောက်ဆုံးပေါ် ပြဿနာ
အကြီးမားဆုံး နို့တိုက်သတ္တ၀ါတွေရဲ့
အစုလိုက် အပြုံလိုက် တောပြောင်းခြင်း။

ဒါ
ကမ္ဘာကျော်သွားတဲ့
Shiddler’s List ဇာတ်ကားရဲ့
ဇာတ်ဝင်ခန်းတခုလို ပီပြင်ပ
ရုပ်ဆိုးစွာလှပ။

မျက်နှာအတုတပ်ထားတဲ့
ငြိမ်းချမ်းရေးစားပွဲပေါ်
နိမိတ်တွေတော်လဲ
လဲသေနေတဲ့ ချိုးငှက်တကောင်။ ။

1 comment:

Myo Win Zaw said...

နမိတ်ပုံတွေနဲ့ ထုံသင်းနေတဲ့ ကဗျာကောင်း