Saturday, July 5, 2008

ကျဆုံးခန်း

ကိုဆက်
(မာယာကော့စကီး… သို့)

သူရေးခဲ့သောသီချင်းများကို သူ့ဖာသာသိမ်းဆည်းထားခဲ့၊
ထိုသီချင်းများသည် သူ့အဖို့ ၀န်ထုတ်ဝန်ပိုးဖြစ်ခဲ့…
သူ၏လှုံ့ဆော်ကဗျာများသည်
အတင်းအဖျင်းပြောခံခဲ့ရ။

ထိုစဉ်က သူသည်
ကြမ်းပိုးတေလေတကောင်၊ (မိန်းမများနှင့်ပတ်သက်၍)
နံမည်ဆိုးရှိနေသူတယောက်
လူတော်လူကောင်းမဟုတ်
ဆိုးဝါးရိုင်းစိုင်းသူ
တကိုယ်ကောင်းဆန်သူ ငတိ(ငနဲ)။

သူသည်
နှလုံးသားနှင့်ပတ်သက်လျင်၊
စိတ်တိမ်းညွှတ်သူတဦး
အယူသည်း၊အစွဲအလမ်းကြီး။

အလကားကောင်
လှုံ့ဆော်ရေးသမား၊ (နိုင်ငံရေးဆိုင်ရာ)
အကြံပေးသမား
တကယ်တော့၊ သူဟာ
ငွေလမင်းအကြောင်းနဲ့
မိန်းမတွေအကြောင်း၊
စာဖွဲ့နိုင်တဲ့ကောင်။

ဒီအကြောင်းတွေ
ကဗျာရေးချင်သေးရဲ့
မကြာခင်၊ အချစ်ကဗျာရေးဖို့
လိုအပ်လာတော့မှာပါ။ ။



No comments: