Friday, August 1, 2008

ခြေရာ

နေကြာ

အဖြစ်အဖျက်တွေဟာ
ပြောင်းလဲမှု့ ဖြစ်စဉ် သဘောတရားနဲ့ အတူ
ရွှေ့လျားခြင်း နိယာမ အရ
ကြာခဲ့ပြီ ဖြစ်ပေမယ့်
ဒဏ်ရာတွေ ဗလပွနဲ့ သမိုင်းရထားဟာ
သူ့အလုပ် သူလုပ်ပြီး
မှန်မှန်ကြီး ခုတ်မောင်းလာခဲ့ပေါ့…။

ဘူတာစဉ်တွေမှာ
တက်သူတွေလည်း တက်
ဆင်းသူတွေလဲ ဆင်း
သူ့ ခရီး သူသွား သူ့ သဘော သူဆောင်
သူ့ သမိုင်း သူရေး ကြတာဘဲ။
ကဲ
မိတ်ဆွေ
ခင်ဗျားးရော
ဘယ်လို သမိုင်းရေးမှာလဲ
ကိုယ့်သမိုင်း ကိုယ်ရေး ရမှာနော်
သမိုင်း ရထားကတော့
မရပ်မနား ရှေ့သို့ချီလျှက် …။

3 comments:

Mirror said...

အချိန်ရထားက တစ်ရွေ့ရွေ့ .......
ဒီလိုနဲ့ပဲ နှစ် ၂၀ ပြည့်ရော့မယ်
အမှန်တရားကို မျှော်လင့်ရင်း အသက်ဆက်နေကြသူတွေအတွက်
တစ်ခုခုရေးပါဦး အစ်ကို...

တားမြစ် ထားသော... said...

လူတွေ
ကိုယ့်သမိုင်းကိုယ်ရေးတယ်ဆိုတာ
ကိုယ့်နိုင်ငံနဲ့ လူမျိုးရဲ့ သမိုင်းကို
ရေးနေတာနဲ့ အတူတူပါပဲ။
********
ဆက်လက်ချီတက်နိုင်ပါစေဗျာ။

Myo Win Zaw said...

အဲဒီရထားပေါ်ကျွန်တော်ဆင်းနေခဲ့ဘို့ ဘယ်တုန်းကမှ မကြိုးစားဖူး ပန်းတိုင်ကိုဘဲ လိုက်မယ်ဆိုတာ ကတိပေးပါတယ်