Wednesday, September 10, 2008

ညတိုက်ပွဲ

ကျနော်တို့ဟာ
သတ်မှတ်ထားတဲ့ ‘၆ လုံး’ရောက်ဖို့
သဘောတရားလမ်းညွှန်ချက်တွေနဲ့အညီ
နေ့ရော ညပါ ချီတတ်ခဲ့ကြ။

ခြုံခိုတိုက်ပွဲနဲ့တွေ့တဲ့အခါ
ကျနော်တို့ဟာ
စစ်ကြောင်းလျောက် ချီတတ်နေရသူပီပီ
ခုခံကာကွယ်ရေးကိုသာ ပြင်ဆင်နိုင်ခဲ့
အဓိက က
‘မပည’ မပျောက်ဖို့မဟုတ်လား။

ညတိုက်ပွဲတိုက်တဲ့အခါ
လူမှားပြီး မပစ်ဖို့အတွက်
သေနတ်သံကိုခွဲခြားတက်ရမယ်
အရေးကြီးဆုံး‘ညစာ’ကို မှတ်မိနေရမယ်။

တရားအရတော့
ကိုယ်က သူ့ကို မတိုက်ရင်
ကိုယ့်ကို သူက တိုက်သတဲ့။

အေးဗျာ
ညံ့တယ်ပဲပြောပြော
တဘက်ရဲ့သေနတ်သံ ဒိုင်း ခနဲညံ
သူ့ရဲ့ပြောင်းဝက ဖြာ ခနဲမီးပွင့်မှ
ပြန်ပြန်ပစ်ခဲ့ရ
အဓိက က
‘၆ လုံး’ မှာ ‘ရောင်နီပြ’ ဖို့ပဲမဟုတ်လား။

ညိုထက် (လမ်းသစ်ဦး)

၆ လုံး။ ။ စစ်တပ်သုံးစကား တိုက်ခိုက်သိမ်းပိုက်ရမည့် ရည်မှန်းချက်နေရာအား မြေပုံပါ ဂဏန်း ၆ လုံးဖြင့် ဖေါ်ပြ ခြင်း။ တနည်း မြေပုံညွှန်း
မပည။ ။ စစ်တပ်သုံးစကား မြေပုံညွှန်း
ညစာ။ ။ စစ်တပ်သုံးစကား ညတိုက်ပွဲများတွင် လူမမှားစေရန်ပေးထားသည့် စကားဝှက်
ရောင်နီပြ။ ။ စစ်တပ်သုံးစကား ရောက်ရှိပြီ

1 comment:

ဗီလိန် said...
This comment has been removed by the author.