Thursday, October 2, 2008

ချာတိတ်

ပန်းပွင့်ကိုမြင်
ပန်းမထင် ရင်မှာထိတ်။

လမင်းကိုမြင်
လမထင် ရင်မှာထိတ်။

စမ်းချောင်းငယ်မြင်
စမ်းမထင် ရင်မှာထိတ်။

ပန်း, လငယ်, စမ်းတွေ မေ့စဉ်ပေါ့
စိတ်မှာထင် ၀င်လာစိုးပြီး
ကိုယ့်ရင်မှာ သူလေတိုးတယ်
ဆိုးတဲ့ချာတိတ်။

ရဲထိန် (၁.၁.၉၁/၁၂း၂၈း၅၅)

2 comments:

mirror said...

ရင်ကို ဟိုက်ခနဲဖြစ်စေ၏။
အတွေးကိုနူးညံ့စေ၏။
ကျေးဇူးတင်၏။
ပုန်းကွယ်နေသော ကဗျာများကိုဆက်လက်ခံစားချင်ပါ၏။

flowerworld said...

လူကိုတွေ့ရင်ချာတိတ်လို့မခေါ်နဲ့ နာမည်ရှိတယ်မကြိုက်ဘူးသိရဲ့လား.... ဟီးးးးးး စတာနော် ကဗျာလေးကတိုတိုလေးနဲ့ကောင်းတယ