Thursday, October 23, 2008

နေ့စေ့လစေ့

(၁)
နေညိုချိန်
ပြိုကွဲဘ၀များရဲ့ အတွေးစုရပ်။

(၂)
'ဖက်စပ်'နဲ့ 'နယ်စပ်'က
သမီးနဲ့ သား
အခြားသောသူများ။

ရေဒီယိုထဲပါနေကျ
အာသိသများ
အန်ဖတ်များ။

ကြိုးဝိုင်းထဲက
လက်ညှိုးနဲ့
လက်မများ။

လမ်းမတွေထက်က
လက်သီးစုပ်နဲ့
လက်အုပ်ချီများ။

(၃)
တာဝေးပြေးပွဲမှာ
ပူးတွဲ ပထမ - မရှိ။

ရဲဘော် ထက်မိုး
(၁၀ ဇူလိုင် ၂၀၀၄)

1 comment:

မသက်ဇင် said...

--ရဲဘော်ထက်မိုး ခေါ် အိုးဝေဇော်ရေ--
ဇွန် ၁၆ ၊ ၂၀၀၅ ------ရဲဘော်--
မြင့်မြတ်သော ကောင်းကင်ဘုံ သို့
သွားတဲ့နေ့ မှာ ကြေကွဲစွာနဲ့ ကျမ-- ဒီ အောက်က ကဗျာလေး ကို ဆို့နင့် စွာ ရေး ခဲ့ပါတယ်---ရဲဘော် ထက်မိုး အတွက်--အမှတ်တရ ကွန်မန်း ပြန် ရေး ပေး လိုက် တာပါ-- ရဲဘော် ထက်မိုး ကို လေး စား ဂုဏ်ပြုလျက်---
မသက်ဇင်--

ကောင်းကင်ယံ ကြယ်တပွင့်ထပ်တိုးခြင်း
ဇွန်လရဲ့ ညတည---
ကြွေခဲ့ရပြန်ပေါ့--ကြယ်တပွင့်ရယ်--
ငလျင်တော်လဲသံအလား--
တို့ နှလုံးသားမှာ ကြေကွဲဆို့နင့်ရပါတယ်။

ခေတ်ဆိုး-စနစ်ဆိုးကြီး --က---
လူငယ်ဘဝတွေကို--နင်းချ--ချေမွ--
တစ--တစ စားသောက်မြိုပစ်--
ဒီစနစ်ဆိုးကြီးကို-- တို့တတွေ---နာကြည်းတာ--ဆန်းသလား--ရဲဘော်ရယ်----

ထောင်ထွက်တယောက်ရဲ့ အပြန်လမ်း--
လွမ်းစရာတွေကလည်းတနင့်တထမ်း
တို့တတွေ----အရွယ်ကောင်းကောင်းနဲ့
အသက်တွေသာတိုးများသွားတာပါ---

ရဲဘော်ရဲ့စကား---
ရဲဘော်ရဲ့ နှလုံးသားနဲ့ရေးခြစ်
ကဗျာတပိုဒ် ဖြစ်ခဲ့တယ်---

ရဲဘော်ဟာ---ယုံကြည်ချက်ပန်းတိုင်--
မယိုင်မလဲ--ဇွဲနဲ့ချီတက်--
သမိုင်း အဆက်ဆက်--တောက်လက်
ထွန်းပ နေမှာပါ ရဲဘော်ရယ်-----။
ဇွန် ၁၆၊ ၂၀၀၅

cpb မှထုတ်ဝေသည့်--
ပြည်သူ့ သူရဲကောင်းများနေ့ ဇူလိုင် ၃၁ ---
အထိမ်းအမှတ် ကဗျာများ--၂၀၀၅ -စာအုပ်
တွင်ပါရှိပြီး။