Sunday, September 12, 2010

ချိုးလား ဒုံးလား ကောင်းကင်ထက်မှာ ဝိုးတဝါး

အဲဒီနေ့ က
ဟီရိုရှီးမား
ရောက်လို့  သွားတယ်
ဗုံးဒဏ်သင့်သူတွေကို
မစ္စတာ ဘန်ကီမွန်းနဲ့  အတူ
အလေးအမြတ် ပြုဖို့ 

ခေါင်းလောင်းထိုးချိန်မှာ
တခေါင်းလုံး ငုံ့ ထားရတော့
ကျောက မလုံချင်
ခေါင်းလောင်းသံ မဆဲခင်
အချိန်မရွေး ကျလာရင် ကျလာနိုင်တဲ့
ညူကလီးယား ဒုံးကျည်များ

ဘန်ကီမွန်းကတော့
ကျကာမှ ကျလာရောလို့ 
ထင်ပါရဲ့ 
မြေပြင် ငုံ့ လျှက် အလေးပြု

ကိုယ်ကတော့
သတိဆိုတာ ပိုတယ်လို့  မရှိ
ခေါင်းလောင်းသံ မရပ်ခင် အထိတော့
မြေပြင်နဲ့  တိမ်တိုက်
မော့လိုက် ငုံ့ လိုက် အလေးပြု။ ။

သြဂုတ်လ ၆ ရက် ၁၉၄၅ နှင့် သြဂုတ်လ ၉ ရက် ၁၉၄၅ သို့ 

လင်းလက်ဇာနည် စက်တင်ဘာ ၆ ၂၀၁၀

No comments: