Tuesday, November 9, 2010

မြဝတီတိုက်ပွဲနှင့် ပတ်သက်၍ ကျောင်းသားတပ်မတော် သဘေားထား ထုတ်ပြန်

ဗိုလ်မှူးကြီး စောလားပွယ် ခေါ် ဗိုလ် နှုတ်ခမ်းမွှေး ဦးစီးသော DKBA တပ်ဖွဲ့နှင့် နအဖ စစ်အုပ်စု အကြား ဖြစ်ပေါ်လျက်ရှိသော တိုက်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ (ကျောင်းသားတပ်မတော်) ၏ သဘောထားအမြင်

ထုတ်ပြန်ကြေညာချက်

(၁) ဗိုလ်မှူးကြီးစောလားပွယ် ဦးဆောင်သော DKBA တပ်ဖွဲ့သည် စစ်အုပ်စု သြဇာခံ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကာ စောဘဦးကြီး၏ မူ ၄ ချက် ကို အခိုင်အမာဆုတ်ကိုင်လျှက် အဖိနှိပ်ခံ ပြည်သူတရပ်လုံးကိုယ်စား တိုက်ပွဲဝင်မှုတစ်ခုဖြစ်သည်။

(၂) နအဖ စစ်အာဏာရှင်များ ရလိုက်သော ၂၀၁၀ ရွေးကောက်ပွဲ၏ ပွဲဦးထွက်ရလဒ်ဖြစ်ပြီး၊ ကိုယ်စီ သေနတ်မောင်းထိုးကာ နိုင်ငံရေးအရ မျက်ကွယ်ပြု အတုအယောင် အပစ်အခတ်ရပ်စဲရေး၏ နောက်ဆက်တွဲ ရလာဒ်များပင်ဖြစ်သည်။

(၃) ယခုတိုက်ပွဲသည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တရားသော စစ်ပွဲဖြစ်သဖြင့် စစ်အာဏာရှင်များအနေဖြင့် အမြစ်ပြတ်ခြေမှုန်းနိုင်မည်မဟုတ်ဟု အခိုင်အမာယုံကြည်သည်။

(၄) မိမိတို့ကျောင်းသားတပ်မတော်သည် ဘုံရန်သူစစ်အုပ်စုအား ဦးတည် တိုက်ပွဲဝင်နေသည့် ဗိုလ်မှူးကြီးစောလားပွယ် ဦးဆောင်သော DKBA တပ်ဖွဲ့ အပါအဝင် အဖွဲ့အစည်း အားလုံးနှင့် ပူးပေါင်းတိုက်ပွဲဝင်သွားနိုင်ရန် စုဖွဲ့မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း နှင့် လိုအပ်ပါက တိုက်ပွဲဝင်ရန် အသင့်ရှိပါကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်။

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)

ရက်စွဲ ၈ နိုဝင်ဘာ ၂၀၁၀။

1 comment:

Unknown said...

ကျောင်းသားတပ်မတော် .. မြန်မာနိုင်ငံအတွက် ဖွဲ့ထားတာလား .. ပြည်သူလူထု အတွက်လား ... အခုလိုစစ်ဖြစ်တာကို အားပေးနေမှတော့ ဘာအသုံးကျ တော့မှာလဲ. . မြ၀တီက ပြည်သူတွေ ပြေးနေရတာကို မတွေ့ဘူးလား ... အားလုံးအိုးမဲ့ အိမ်မဲ့ဖြစ်နေတာ.. ဒါတောင် DKBA ကို အားပေးနေသေးတယ်.. ရူးများရူး ကုန်ပီလား .. အဲဒီအဖွဲ့ က တစ်ယောက်လောက် မြ၀တီမြို့ က ပြည်သူတစ်ယောက်နေရာမှာ ၀င်ခံစား ကြည့်ပါ..