Saturday, February 23, 2008

လမ်း (သို့) ပစ်မှတ်

ကောင်းပ …
စာအုပ်ထဲက
မြောက်ကြွကြွ စကားလုံးများ
ငါထမ်းပိုးခဲ့တာ နှစ်ဆယ်(၂၀) နှစ်
ကျန်ရစ်တာက
ဘ၀နဲ့ ၀ယ်လိုက်ရတဲ့ အသိတရား
ဆယ်နှစ်သားအရွယ် ရောက်ပြီ။

ဒါပေမယ့်
စောင့်မနေဘူး လျှောက်နေဆဲ၊

ပစ္စုပ္ပန်ညတွေနဲ့
နောက်ကျိကျိ မှန်တချပ်ပေါ်
ငါ့ … ပုံရိပ်
ကြည်လင်သည်ထိ … …။

ရိုး(ခေတ္တရာ)

No comments: