Tuesday, February 26, 2008

ရင်တွင်းကျောက်တိုင်များ



သတိတရနှင့်
တမ်းတလွမ်းဆွတ် ဦးညွတ်ဂုဏ်ပြုလိုက်ပါရဲ့ … ။

ခန္ဓာအသက်
ဆက်ကပ်ပူဇော် “လူသူတော်”မြတ်
လေးစာအပ်သည် ရော်ရည်မှန်းဆ
ထာဝရ “ရှင်ပြန်ထမြောက်”မူပါလှဲ့ … ။


အများအကျိုး
တိုင်းကျိုးပြည်ကျိုး ကိုယ်ကျိုးမဖက်
ရမ္မက်ပယ်၍ တွယ်တာထမ်းရွက်
ခုံမင်မက်မွေ့ ဘ၀နေ့တွေ
ဒုက္ခဝေလည်း နေပျော်ရဲသည်
တိုက်ရဲ အနိုင်ယူရဲ သေရဲသည့် လူမျိုး
ဘမျိုးဘိုးတူ ရိုးရိုးကျင့်၍
မြင့်မြင့်ကြံသူ “သူလိုလူ”အား
ဝပ်တွားရိုကျိုး ရှိခိုး ကန်တော့လိုက်ပါ၏ … ။

“ရဲဘော် မွှေးကြိုင်”
“ရဲဘော် ကြည်ဆန်း”
“ရဲဘော် ဆန်းလင်းအောင်”
“ရဲဘော် ရဲစိုး”
“ရဲဘော် ကျော်စိုး”
“ရဲဘော် ဆန်းလင်း” တို့ရေ
ဝိညဉ်ချင်းထပ် ပူးကပ်ဝင်စား
သွေးကြားထဲနစ် ပျိုပျစ်တဖန်
“လူ”ပြန်ဖြစ်ခွင့် ရပါစေသောဝ်။

မထင်မရှားနဲ့
မြေပုံအမှတ်အသားလည်း
မှုန်ဝါးဝါးနှင့် တိုက်စားလွင့်ပျောက်
ဂျောက်နံဘေး ချောင်းနံဘေး
ဆေးရေးမခြယ်”အခေါင်း”လည်း မလုပ်
အညတြဆန်စွာ မြုပ်နှံလိုက်ရ … ။

အရိုးအသား
မြေဆီကြားထဲ ထယ်သွားပွေ့ရာ
မြေသြဇာဖြစ်”ပျိုးပင်သစ်”အတွက်
အခက်ဖူးဝေဆာဖို့
“အသက်”အကူးစောလေရော့သလား … ။

ရာသီလွန်ဟောင်း
လနှစ်ပြောင်းလည်း
“ပေါင်းလောင်းမြစ်နံဘေး”က
“သာစည်ရွာ ချောင်းနံဘေး”က
“မဏ္ဏပ်တောင် ရွာနံဘေး”က
“လှည်းတန်း ရွာနံဘေး”က
“၀ါးရုံပဲ ရွာနံဘေး”က
“----------- နံဘေး”က
မထင်မရှားနဲ့
(ရဲဘော်တို့ရဲ့) မြေပုံအမှတ်အသားတွေကို
သတိရတွေးတော
သွေးကြားစူးနစ်
ပျိုမျစ်စေသည်
ကမ္ဘာတည်သရွေ့ လွမ်းမိပါသည်
ကြာရှည်သရွေ့ တမ်းတမိနေတော့မည် … ။

သတိတရနှင့်
တမ်းတလွမ်းဆွတ်
ဦးညွတ် ဂုဏ်ပြုလိုက်ပါရဲ့
(ရဲဘော်တို့)
ကောင်းရာဘုံ၌ ရောက်စေသား … ။

ဗဆန်းဇော်

No comments: