Friday, March 7, 2008

အကျဉ်းစံ ဆရာကြီး ဦးဝင်းတင်သို့


သံလွင်ရွက်နဲ့ အလံထူ ကလောင်ကိုင်သူ
ထိုလူတယောက် အရိုးငေါက်ငေါက်
သံတိုင်ပေါက်ကျော် မိုးကိုမျှော်၍
သြကာသကြီးအား ရှုပွားနေစဉ်
ဘ၀ရှင်မင်းတုန်း အပြုံးဖြင့်ပေါ်လာ
'ငါမကောင်း ငါ့အကြောင်းရေး
ငါ့မိဖုရားတွေမကောင်း
သူတို့အကြောင်းရေး

ငါ့သားတော် သမီးတော်တွေမကောင်း
သူတို့အကြောင်းရေး
ဘေးမရှိစေရ
သတင်းစာဆရာ ဘိုးဝဇီရ'
သြော်æအဦးအစ
ပထမမြန်မာ့သတင်းစာ
ရတနာပုံထုတ်ဝေစဉ်ခါ
သာသနာ ဒါယကာ မိန့်မှာစကား
ပြန်လည်ကြားရ သံတိုင်ကြားမှ
ဆပွားရင်တွင်း ချိုမြခြင်းဖြင့်
ပျားရည်မြစ်တစင်း စီးဆင်း၍သွား
မုဒိတာပွားစဉ် သူ့ဝန်းကျင်တွင်
မိုးကြီးစင်စင် လင်းခဲ့လေပြီတကား...။

(နအဖစစ်အုပ်စု၏ မတရားဖမ်းဆီးထားခြင်းခံနေရသော သတင်းစာဆရာဦးဝင်းတင်သို့)

မောင်စင်ကြယ်

No comments: