Monday, March 10, 2008

ခေတ်ဆိုးနဲ့ကဗျာဆရာ


ညီအကို မသိတသိ ကာလ
သိတောင်မှ မသိယောင် ဆောင်ရ။
မသိတောင် သိယောင်ဆေင်မှ။
အယောင်ဆောင်တွေ များမှများ
အမှောင်ခေတ်ကြီး ပေတကား။


ဟန်ဆောင်ပြီး သံယောင်လိုက်ရ
အကြိုက်ဆောင် အမိုက်မှောင်ကျချိန်
အလိမ္မာ မှိန်ရတာက သဘာဝ။
အချိန်သဘောက လိမ်ပြောရသတဲ့။
မုသားမပါ လင်္ကာမချောတဲ့။

ဟုတ်ကဲ့လားကွာ
လင်္ကာချောအောင်၊ ပြောရတဲ့မုသားဟာ
မုသားစဉ်စစ်၊ မုသားဖြစ်သမို့
မုသား ညစ်က၊ မုသားဖြစ်လိမ့်
'ကဗျာစဉ်စစ်' မဖြစ်နိုင်
'ကဗျာ ဆရာသစ်'၊ ဖြစ်ချင်ဖြစ်မယ်
ဖြစ်ခြင်းဖြစ်ရင် 'မြက်ခင်းသစ်'ခေါ် စားကျက်မှာ။

မြက်ခင်းသစ်မှာ ကောင်းဘွိုင်သစ်က
နွားပါးစပ် ကြိမ်ခြင်းစွပ်
သေနတ်ခါးထိုး၊ ကြာပွတ်မိုးလျက်။

မောင်စွမ်းရည်
ဖေဖော်ဝါရီလ ၁၆၊ ၂၀၀၅

No comments: