Monday, March 10, 2008

ပြည်ပရောက် လူငယ်များအတွက်(မြ၀တီရဲခေါင်)


သံဟာ မီးကိုဖြတ်တဲ့အခါ...
နိုင်ငံရပ်ခြားမှာ အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေတဲ့လူငယ်တွေ၊ နိုင်ငံခြားကိုထွက်ဘို့လုပ်နေတဲ့လူငယ်တွေ၊ ပြည်တွင်းမှာလှုပ်ရှားရုန်းကန်နေရတဲ့သူတွေကို(ဘ၀မှာလုပ်ကိုင်ခဲ့ရတဲ့၊ တွေ့ခဲ့ရတဲ့၊အတွေ့အကြုံကိုအခြေခံပြီး)ပြောချင်တာက
(၁) ခံနိုင်ရည်ရှိပြီး ကာဗိုဒ်နှင့်ပေါင်းတတ်ရင် ကာဗိုဒ်သံမဏိ(Carbide Steel)ဖြစ်လာမယ်
(၂) ခံနိုင်ရည်ရှိတဲ့အဆင့်လောက်ဆိုရင်တော့ သံမဏိ(Steel)ဖြစ်လာမယ်
(၃) ခံနိုင်ရည်မရှိရင်တော့ရင် အရည်ပျော်သွားတဲ့သံ(Molten Iron)ဖြစ်လာမယ်
(၄) အရည်အချင်းကျဆင်းလာခဲ့ရင် ခဲသတ္ထု(Lead)ဖြစ်လာမယ်
(၅) လူ့ကျင့်ဝတ်-သိက္ခာချို့ယွင်းခဲ့ရင် ခဲ-ပုတ်(Lead Oxide)ဖြစ်လာမယ်
(၆) ဘာမှကြိုးစားအားထုတ်မှုမလုပ်ဘဲ အလျော့ပေးလာရင် ရေ(Water)ဖြစ်လာမယ်
(၇) ရည်မှန်းချက်မရောက်ခင် သေဆုံးသွားရင်တော့ ရေငွေ့(Water Vapour)ဖြစ်လာမယ်

ဖော်ပြပါအတွေးအခေါ်က ဓာတုဖြစ်စဉ်တရားများကိုဆိုလို(ဇွဲ၊ လုံ့လ၊ ၀ိရိယ)ကို မီးမောင်းထိုးပြခြင်းသာဖြစ်ပါတယ်။
ကဲ(လူငယ်၊ လူလတ်)တို့ရေ ငါ-ဘယ်အဆင့်မှာရောက်နေမလဲလို့ ကိုယ့်ကိုယ်ကိုဆန်းစစ်ပြီး ထပ်ကြိုးစားဘို့ပါပဲ။





No comments: