Tuesday, March 11, 2008

၁၀ ရက်မြောက် ခရီးရှည် ချီတက်ခြင်း

မြန်မာပြည် လွတ်မြောက်ရေးအတွက် မိုင်ပေါင်း သုံးထောင်ကျော်ခရီးကို လမ်းလျှောက်ချီတက် နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ဖြစ်သော ရဲဘော် အေသင်နှင့် ရဲဘော် ဇော်မင်းထွေတို့ နှစ်ဦးဟာ ယနေ့ဆိုလျှင် မိုင်ပေါင်း ၂၁၅ မိုင်ကို ကျော်လွှားဖြတ် သန်းခဲ့ပါတယ်။ သူတို့ရဲ့ ဖြတ်သန်းရာ ခရီးတလျှောက်ရှိ နည်းစပ်ရာ မြို့များရှိ မြန်မာမိသားစုများ၊ ကျောင်းသား တပ်မတော် ရဲဘော်ဟောင်းများက အားပေး ကူညီခဲ့ကြပါတယ်။ ကျောင်းသား တပ်မတော် ရဲဘော်ဟောင်း တပ်ရင်း(၂၀၅)မှ ရဲဘော်ကျော်ဆွေက ရဲဘော် အေသင်နှင့် ရဲဘော် ဇော်မင်း ထွေးတို့အား ဟာမစ်တန်(Hermiston)မြို့သို့ မထွက်ခွာမှီ အလေးပြုရင်း ဂုဏ်ယူလေးစား ကြောင်း ၎င်းတို့အား ထောက်ခံကြောင်းကို ပြသခဲ့ပါတယ်။

ိုင်ပေါင်း ၃၀၀၀ ကျော်ခရီးကို လမ်းလျှောက်ချီတက်နေကြသော ရဲဘော် အေသင်နှင့် ရဲဘော် ဇော်မင်းထွေးတို့ကို ချီတက်ရာလမ်း ကြောင်းရှိ အမေရိကန် ပြည်သူများက စိတ်ဝင်တစား လာရောက်မေးမြန်းပြီး မြန်မာပြည် လွတ်မြောက်ရေးအတွက် အားပေး ကူညီသွား မည်ဖြစ် ကြောင်း ပြောသွားပါတယ်။

ကျောင်းသားတပ်မတော်(ABSDF)မြောက်ပိုင်းအခြေစိုက် ရဲဘော်များမှလည်း ဖုန်းဖြင့် အားပေး ထောက်ခံနေပါကြောင်း ပြောကြားခဲ့ပါ တယ်။ ခရီးရှည် ချီတက်နေသော ရဲဘော် အေသင်က ၎င်းတို့ကို အားပေး ကူညီကြသော အမေရိကန် ပြည်သူများ၊ (ABSDF)မြောက် ပိုင်း၊ (ABSDF) တပ်ရင်း(၂၀၅)မှ ရဲဘော်ကျော်ဆွေနှင့် မြန်မာ မိသားစုများ အားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။

ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတဦး


No comments: