Friday, March 21, 2008

အထီးကျန် အခန်းကျဉ်းဝယ်


ကျဉ်းမြောင်းတဲ့
အခန်းလေးထဲက
လင်းထိန်နေတဲ့
ဖန်ချောင်းဆိုတဲ့ အရာ၊

ရေခဲပုံးလို့
ပြောနေကြတဲ့
အ၀ါရောင် တစ်ခု၊

တိတ်ခွေစင် ဆိုတဲ့
အစိမ်းရောင်နဲ့၊
မှုံဝါးဝါး ကုတင်တို့က....

ကျနော့်ကို
အမြင်ခြင်း ဖလှယ်ကြဖို့
ပြောနေကြတယ်။

စာရေးစာပွဲမှာ
ရှိနေတယ်ဆိုတဲ့ ဘောပင်၊
ဘီးလို့လို့ ပြောတဲ့ ပန်းရောင်နဲ့
အသံသာ ကြားနေရတဲ့
ပန်ကာပေါ်က ခလုပ်တွေက
ကျနော့်ကို
လက်ဆွဲ နှုတ်ဆက်ချင်ကြလို့တဲ့ ....။

သူတို့ကို မငြငိးဆန်ပေမယ့်
လောကဒါန်ရဲ့
ဥပေက္ခာတံခါး ပွင့်အသွားမှာ
ကျနော် အချင်းများနေရတယ်။

(မိမိ ကိုယ်မိမိ ခံစားသည်)


ရိုး(ခေတ္တရာ) ဘန်ကောက်

No comments: