ဒီမြို့လေးဟာ
အတ္တတွေ တဖျတ်ဖျတ်နဲ့
ပွင့်ဖတ်ဖြူတွေ လွှမ်းချုံထားတယ်။
မမြင်ဘူး၊ မတွေ့ဘူး
မပိုင်ဆိုင်ဘူးတဲ့ အရာတွေပေါ်မှာ
ဖက်တွယ်ထားတယ်။
တံဆိပ်စုံ အရက်များအကြောင်း
ကပ်စီနိုမှာ အလှူဒါနပြုခဲ့တဲ့အကြောင်း
ဝင့်ဝင့်ကြွားကြွားပြောတတ်တယ်။
ညကို ညကဘဲမြိုချထားတဲ့
ဒီမြို့လေးက လဟာ
နိုက်ကလပ်မှာ သာတယ်။
နှလုံးသားကိုတော့ နှင်းထုအောက်မှာ
မြှိုပ်နှံထားကြတယ်။
မြို့တွင်းနေရာအနှံ စွန့်ပြစ်ခြင်းခံထားရတဲ့
အတိတ်၊ မနက်ခင်း၊ လိပ်ပြာ၊ အတွေး
ယုံကြည်ချက်တို့ဟာ
ညှိ့မရတဲ့ ကြိုးနဲ့ သေခဲ့ရပြီး
ရှာမရတဲ့ သံစဉ်တွေအောက်မှာ
ကိုယ့်ကိုကိုယ် မြှိုပ်နှံသဂြိုလ်ခဲ့ရတယ်။
(မိမိရောက်ရှိနေသော မြို့လေးရှိ မြန်မာလူမျိုးတချို့အား တိုက်ရိုက်ရည်ညွန်းသည်)
ရိုး(ခေတ္တရာ)
No comments:
Post a Comment