Wednesday, March 19, 2008

၂၀ ရက်မြောက် ခရီးရှည် ချီတက်ခြင်း


-အမိမြန်မာပြည် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ဒီမိုကရေစီရရှိရေး၊ ငြိမ်းချမ်း ရေးတို့အတွက်၊မိုင်ပေါင်း(၃၀၀၀)ကျော်ချီတက်နေတဲ့ ၈၈မျိုးဆက်ကျောင်းသား ရဲဘော်အေ သင်နဲ့ ရဲဘော်ဇော်မင်းထွေးတို့ နှစ်ဦးရဲ့ခရီးရှည်ချီတက်နေမှုဟာ ယနေ့ဆိုလျှင် ရက်(၂၀) မြောက် ရှိခြဲ့ပီး မိုင်ပေါင်း(၃၉၆)မိုင်ကိုကျော်ဖြတ်ခဲ့ပါပြီ။


- (၁၆၊မတ်၊၂၀၀၈) ရက်နေ့က(Oregon )ပြည်နယ်(Baker City)မြို့မှ (Ontario)မြို့သို့ ထွက်ခွာခဲ့ရာ ယခုဆိုလျှင်(IDAHO) ပြည်နယ် ကိုရောက်ရှိသွားပြီဖြစ်ပါတယ်။ ယနေ့(၁၉၊မတ်၊ ၂၀၀၈) လမ်းခရီးမှာတော့ ဆီးနှင်းမိုးတွေရွာတာနဲ့ကြုံရပါတယ်၊ လမ်းခရီးတလျှောက် မြင်တွေ့ သူတွေကတော့ အားပေးနေလျှက်ပါ။ ဒေသလုံခြုံရေး တာဝန်ယူနေတဲ့ အမေရီကန် ရဲအရာ ရှိတွေကတော့ မိုင်ပေါင်း (၃၀၀၀) ကျော်ချီ တက်နေတဲ့လူငယ်နှစ်ဦးရဲ့စွမ်းဆောင် စွန့်စား နေမှူကို အံ့သြချီးကျူး အားပေးပါတယ်။ လမ်းတလျှောက် ကိုအေသင်တို့ရဲ့ လုံခြုံရေးအ တွက်လည်း တတ်နိုင်သမျှတာဝန်ယူပေးပါတယ်။

တခြားရပ်ဝေးမှ၊ ရဲဘော်များ၊ ပြည်သူများကလည်း ဖုန်းဖြင့် ဆက်သွယ်ပြောဆို အားပေးနေမြဲပါ၊ Number2News.com,TV က ကိုအေ သင်တို့ကို ယနေ့ညနေပိုင်းမှာ (Interview) လုပ်ပါ တယ်။ (IDAHO) ပြည်နယ်ကို ရောက်ပြီဖြစ်တဲ့အတွက် ဒေသခံ မြန်မာမိသားစုများက ကိုအေ သင်နှင့်ကိုဇော်မင်းထွေးတို့ကို ကြိုဆိုထောက်ပံ့ရန် ပြင်ဆင်နေကြကြောင်း သိရပါတယ်။

နိုင်ငံတ ကာရောက် ရဲဘော်များ၊ မျိုးချစ် မြန်မာများ အနေဖြင့်ချီတက်နေသော ရဲဘော်အေသင် နဲ့ ရဲဘော် ဇော်မင်းထွေးတို့ သယ်ဆောင်လာသည့် UN အထွေထွေအတွင်းရေးမှူးထံ တင်ပြ မည့်စာတွင် ၀ိုင်းဝန်းထောက်ခံလက်မှတ်ထိုးကြဖို့ ကျနော်တို့ အကြောင်း ကြားလိုက်ပါတယ်။

ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတဦး

(ခရီးရှည်ချီတက်နေသူများကို ထောက်ခံအသိအမှတ်ပြုသည့်အနေဖြင့် အောက်ပါလိပ်စာတွင် ၀င်ရောက်၍ အားပေးလက်မှတ် ထိုးပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်)

ttp://www.petitiononline.com/walkfree/petition.html



No comments: