Monday, March 24, 2008

နှလုံးသား ပုံရိပ်

လှသွေးကြွယ်သူ
မောင့့် အိမ်သူငဲ့။

သားငယ်ကိုထွေး
မောင့်ကိုတွေးရင်း
လွမ်းနယ်တွင်းမှာ
လွမ်းမိုးရွာစွေ။ နေလေပြီလား။

အို့ မောင့်အိမ်သူ
ကြည်ဖြူပါတော့ ။

မယားကိုပြစ်
သားကိုပြစ်ခွာ
ထွက်ခဲ့ပါလည်း
နေ့တဓူဝ
လွမ်းရခါခါ
တမ်းတပါသည်
ရင်မှာပူမီး တောက်လောင်ငြီး။

ရင်သွေးရွှေတောင်
သားလှမောင်ကို
တောတောင်ကြားမှာ
မှန်းဆထွေထွေ
တွေးလေလေချစ်
ရင်မှာဖြစ်သည့်
“ဖ”မေတ္တာကို
သားမိခင်လေးသိပါစေ။ ။
(ဘ၀တူရဲဘော်များနှင့်အတူ ခံစားသည်)

ရိုး(ခေတ္တရာ)

No comments: