Tuesday, March 25, 2008

`ကိုယ်ကျိုး´

ကယ်တင်ချင်ယောင်ဆောင်ထားသောမာရ်နတ်ကပြောလိုက်သည်။ ``ခင်ဗျားတို့မြို့ကိုအလင်းရောင်တွေပေးဖို့လာခဲ့တာ...´´ မြို့သူမြို့သားများခမြာမာရ်နတ်မှန်းသိသော်လည်းမတတ်သာ၍ဒီအတိုင်းကြည့်နေကြရလေသည်။
မာရ်နတ်ကမီးပုံကြီးတစ်ခုဖန်ဆင်းလိုက်၏။ ``ဟုန်း...´´ လင်းတော့လင်းပါသည်။ သို့သော်မာရ်နတ်နှင့်ပတ်ဝန်းကျင်အနည်းငယ်သာအလင်းရောင်ရကြ၍ကျန်သောမြို့သူမြို့သားများမှာအလင်းစအနည်းအကျဉ်းနှင့် မှုန်ပျပျမျှသာ။ ။

(နွေဆူးလင်္ကာ)

No comments: