Tuesday, March 18, 2008

ဦးလေးသို့...ကျနော့် ကဗျာ

-(၅)ရက် အပင်ပမ်းခံ
(၂)ရက်စံ
နိုင်ငံရပ်ခြားမှာအလုပ် လုပ် နေရတဲ့ဘဝ
ဒုက္ခတော့သိပ်မဖြစ်ပေမယ့်
ချစ်ဇနီး
ချစ်သမီး သားတွေနဲ့ခွဲ
မိဘ ဆွေမျိုးတွေနဲ့ကွဲ
ရင်ထဲစိတ်မကောင်းဖြစ်ရပုံများ
လွမ်းနေရတဲ့အကြောင်းများ
စမ်းတ၀ါးဝါးနဲ့မျှော်ရတဲ့အနာဂတ်
(ဒီမှာ)သိပ်တော့မပျော်ပါဘူး….ဦးလေးရယ်..။

-ဘ၀ရပ်တည်နေရမှူက
အမိနိုင်ငံမှာအခြေမခိုင်တော့
ဟိုနိုင်ငံရောက် သည်နိုင်ငံရောက်နဲ့
(တို့မြန်မာတွေများ)
တချို့ဆို ဘ၀ပျောက်
တချို့ဆို အလှပျောက်နဲ့
စိတ်နောက်စရာပါ..ဦးလေးရေ..။

-ကိုယ့်မြေ ကိုယ့်အိမ်လေးနဲ့
“ဇိမ်ကျ” ချင်သပေါ့..။
-ကိုယ့်နိုင်ငံ ကိုယ့်ရွာလေးမှာ
ရှာဖွေစိုက်ပျိုး စားသောက်တဲ့
ကိုယ်ပိုင်ဘ၀မျိုးလေးနဲ့
တေးဆိုခုန်က
(ကျနော်)အေးအေးချမ်းချမ်းပဲနေချင်ခဲ့တာပါ..။

-စနစ်ကဆိုး
မင်း ကဆိုး
တိုင်းကျိုးပြည်ပျက်ပြီး
ဖျက်ဆီးခံဘ၀တွေနဲ့
ဖိနှိပ်ခံနေ သမျှတော့
အုံကြွပေါက်ကွဲ
တော်လှန်ရဲပြီပေါ့
(အဲဒီအထဲမှာ)
ကျနော်လည်းပါတာပေါ့…ဦးလေးရေ..။

-ဘ၀ရပ်တည်နေရမှူက
စနစ်ဆိုးရဲ့အောက်မှာ အခြေမခိုင်တော့
ဟိုနိုင်ငံရောက် သည်နိုင်ငံရောက်နဲ့
(ဒီလိုနဲ့)
ကျနော်လည်းရောက်ခဲ့ရတာပေါ့..။

-ကျည်ကွယ် မျက်ကွယ်မှာနေပြီး
လုံခြုံတဲ့နေရာမှာနေပြီး
“ကဗျာဆရာ လိုလို”
“နိုင်ငံရေးသမား လိုလို”
“တော်လှန်ရေးသမားလိုလို”
“ဆရာ လိုလို သမ္ဘာလိုလို”
“နီသလိုလို ရဲသလိုလို”
ဟိုလိုလို သည်လိုလို နဲ့
စကားရည်လု
ဘေးထိုင်ဘုပြောနေတတ်တဲ့
နိုင်ငံရေးဗေဒင်ဟောနေတဲ့ လူတော့မဟုတ်ပါဘူးဗျို့..။

-တော်လှန်နေတဲ့ရဲဘော်များ
သူရဲကောင်းများ
စွန့်လွှတ်နေကြသူများ
အများအကျိုးအတွက်ဆောင်ရွက်နေသူများ
တိုက်ပွဲဝင်နေသူများ
လူသူတော်ကောင်းများကို
(ကျနော်..)
ဝပ်တွားဦးညွှတ် ရှိခိုးနေသူပါဗျာ..။

-ကျနော်တတ်နိုင်သမျှ
ဥာဏအား
စိတ္တအား
ငွေအား
အတွေးများ စိတ်ကူးများ
သွေးကြားစီးနစ်
တော်လှန်စစ်ကိုထောက်ခံသူ..
အမိနိုင်ငံအကြာင်း
ခေါင်းထဲကမထွက်
ရတက်မအေးရှာသူ..
(အဲဒီလို လူတွေထဲ)
ကျနော်လည်းပါ ပါတယ်..ဦးလေး..။

-ကုန်ဈေးနုံးတွေကြီးလို့
ပြည်သူတွေငတ်ပြီး ဒုက္ခတွေနဲ့ပင်လယ်ဝေ
ထမင်းရည်တောင်ဝယ်သောက်နေရတဲ့သတင်း..
ကုန်းရုန်းငွေရှာနေရလို့
(တခါ တခါ)
လူ့မာနတွေတောင်ကင်းမဲ့နေရတဲ့သတင်း..
စက်တင်ဘာ အရေးတော်ပုံကာလက
ရဟန်း ရှင်လူ ကျောင်းသား ပြည်သူတွေ
ထကြွတော်လှန်နေကြတဲ့သတင်း
အဖမ်းဆီးခံနေရတဲ့သတင်း
အသတ်ခံနေရတဲ့သတင်း
ရှောင်တိမ်းနေကြရတဲ့သတင်း
(အဲဒီသတင်းတွေ..)ကျနော်ကြားတော့..
ဦးလေးရေ..
ခံစားဆူပွက်
အအိပ်ပျက် အစားပျက်
မျက်ရည်ပူတွေ ကျ ကျ ပြီး
ကယောင်ချောက်ခြားဖြစ်
ဒေါသတွေဖြစ်
စိတ်ကလည်းညစ်
ကိုယ့်ကိုကိုယ်လည်း အားမရ
တာဝန်မကျေဘူး လို့လည်းခံစားရ
တခါတရံ
တိုင်းပြည်ပြန်ပြီးတော်လှန်ရေးလုပ်
(ဒင်းတို့ကို)..ဖြုတ်ချချင်လိုက်တာ
တကယ်ပါ..ဦးလေးရယ်
မလိမ်ညာပါဘူး…အဟုတ်..။

-နိုင်ငံရပ်ခြားမှာ
ကြီးပွားချမ်းသာဖို့အရေး
ကျနော် မတွေးရဲခဲ့ပါဘူး
ကျနော့်ရင်ထဲ
အမြဲခိုအောင်းနေတာက
ကျနော့်နိုင်ငံနဲ့လူမျိုး
စနစ်ဆိုး
မင်းဆိုး အောက်ကလွတ်မြောက်ဖို့အရေး
(ဒါတွေကိုပဲ..)ကျနော် တွေးနေခဲ့တာပါ..။

-နိုင်ငံရပ်ခြားမှာ ကျွန် တယောက်လိုပါပဲ
ငွေရှာနေရတာပါ
ပင်ပမ်းပါတယ်..ဦးလေး..။
-အလုပ်မပြုတ်ဖို့အရေး
ငွေများများရဖို့အရေး
ကြိုးစားပြီး အလုပ် လုပ်
(ဒီမှာ.)ဇိမ်ထုတ် ရှိုးထုတ် နေတယ်မထင်ပါနဲ့..။

-ကျနော်ရှာဖွေသမျှငွေထဲက
ကျနော့်မိသားစုကို ထောက်ပံ့
ကျနော့်ရဲဘော်များကို ထောက်ပံ့
ဒုက္ခသည် မိသားစုတွေကိုထောက်ပံ့နဲ့
အကြွေးတွေနဲ့ယိုင် နေတဲ့ဘ၀ပါပဲ
ဟန်ကျနေပြီ မထင်ပါနဲ့..။

-နာရေးကူညီမှူ အသင်း
သုခ ကုသိုလ်ပြုဆေးရုံ
သူအိုရုံ နဲ့ မိဘမဲ့ဂေဟာ
(အဲဒါတွေကိုလည်း)
ကျနော်လျှူလိုက်ချင်လိုက်တာ
တုန်နေတာပဲ..ဦးလေးရေ..။

-တကယ်ပါ..ဦးလေး
အတွေးအခေါ် မယောင်
အချောင်သမားစိတ်ဓါတ်မရှိ
ရိုးသားစွာပံ့ပိုးချင်တဲ့
ရိုးသားစွာတော်လှန်ချင်တဲ့
ပုန်ကန် ထကြွချင်တဲ့
အမိတိုင်းပြည် နဲ့ပြည်သူကိုချစ်တဲ့
(တိုင်းချစ်ပြည်ချစ်ဝါဒကို ကိုင်စွဲတဲ့)
လူငယ်တယောက်ဖြစ်နေဖို့
ကျနော်ကြိုးစားနေခဲ့သူပါ..။

-ဘယ်နေရာ ဘယ်ဒေသရောက်ရောက်
ကျနော်တို့တိုင်းပြည်ရဲ့အခြေအနေ
ပြည်သူတွေရဲ့ဘ၀အထွေထွေကို
အမြဲနားစွင့်နေတဲ့
ခံစားဆွေးနွေးနေကြတဲ့
တတ်နိုင်သမျှပံ့ပိုးနေကြတဲ့
လူတွေရှိနေကြတယ်ဆိုတာ..
(ဦးလေး..ရေ).မလိမ်ညာတမ်း ပြောပါရစေ..ယုံ....။

ဗဆန်းဇော်..

2 comments:

မြန်မာပြည်ကိုလွမ်းတယ် said...

အကိုငြိမ်းစုရေ..ခံစားချက်ခြင်း၊ခံယူချက်ခြင်း
တူပေမဲ့ဒီလောက်လှတဲ့ကဗျာတော့မစပ်နိုင်
ပါဘူး။

Anonymous said...

ကျနော် ကဗျာသိတ်မရေးတတ်ပါ၊ ကျနော်နဲ့အလွန်ရင်းနှီးချစ်ခင်တဲ့(ဦးလေးတယောက်လိုချစ်ရတဲ့)သူနဲ့ စကားပြောဖြစ်ကြရင်း ဒီကဗျာကိုရေးဖြစ်တာပါ။အားလုံးအတွက် ခံစားပြီး ရေးလိုက်တာလည်းဖြစ်ပါတယ်။