Saturday, April 12, 2008

C Box ထဲမှာ နွဲတဲ့ သင်္ကြန် အမှတ် ၂

ကိုစိုးထက် ရဲ့ နှစ်သစ်မင်္ဂလာ ဆုတောင်းသံလေး ကြားလိုက်လို့ မနေနိုင်တော့ဘူး။
ကဲ ထွက်ကစားတော့မယ် ဟေ့လို့ လုပ်နေတုန်း၊ ကိုအောင်ဦးက တရားရှာပါပြောတော့ ခြေလှမ်းတွေ တုန့်သွား ...
သီချင်းတအေးအေးနဲ့ နှင်းလေးက “ဒီနေ့မှာလည်း တို့များလာတယ်...” “မနက်ဖြန်လည်း တို့များဆုံမယ်...” စိတ်လာစွနေတော့
ဘာရမလဲ ကဲပြီဗျို့...

ဗွမ်း ... ဟာ ထွက်ရုံရှိသေး ထိပြီ ကိုမော်စီ ဘယ်အချိန်ကတည်းက ချောင်းနေလည်းမသိ၊ ဟီး ရေခဲရေနဲ့မိတာ အေးလိုက်လွန်ရော...
အောင်မြတ်လေး ... ရေခဲရေနှစ်ထပ်ကွန်း မှန်းစမ်း ဘယ်သူလဲမှတ်တယ် ကိုဖြိုးအောငလက်ချက်ကိုး၊ တကိုယ်လုံး ကျင်တုံသွားတယ်။
လှံထမ်းမလာဘဲ သေနတ်ထမ်းလာတဲ့ မင်းကျန်စစ် တပြွတ် ပြွတ် ပြွတ် ပစ်လာတဲ့ ရေသေနတ် အနားကပ်မှ ရူးကနဲ့ ပန်းချလိုက်တာ ဟဲဟဲ... တမျိုးမတွေးနဲ့နော် ရေမွေးနဲ့ပက်တာကိုပြောတာ... မွှေးလိုက်တာမှ ခရေနံလေးကို သင်းလို့။ ခရေဆိုလို့ ပြောရအုံးမယ်၊ ကျနော့်ကို သူ့အိမ်ခေါ်ပြီး ရေလောင်းတဲ့ ပေခရမ်း မနေ့က ရေမကစားရလို့ စိတ်ကောက်နေလေရဲ့ ...။ ဒီနေ့လည်း လာကစားနိုင်မယ် မထင်...၊ ကျနော်ကို တဗုန်းဗုန်းနဲ့ ဦးအောင်လောင်းရတယ်ဆိုပြီး လောင်းလိုက်တာ လက်နာသွားတယ်လေ...။ ကျွတ်...ကျွတ်...
ဟော... အပြေးအလွားနဲ့ အိမ်ဝေးသူ ၀င်အလာ ဗွမ်းကနဲ ပက်ချလိုက် သူက Soe Mya Nandar Thet Lwin ၀ူး...ရေခဲရေဘဲ။
“မင်္ဂလာနှစ်သစ်ပါ”လို့ အော်ရင်း မိုးသောက်ကြယ်, ကိုအောင်နဲ့ လူသစ်တို့ ၀င်လောင်းကြ၊ ပျော်စရာကြီး...။
အမယ် ဟိုမှာ မိန့်မိန့်ကြီးနဲ့ wanttobackhome က ပြုံးပြီး ကြည့်နေလိုက်တာများ အတော် ပျော်နေ ပုံရတယ်။
ဒီနေ့တော့ မင်းသမီး’က’တာ မကြည့်ရလို့ မြန်မာပြည်ကိုလွမ်းသူ တယောက် ဆူဆူအောင့်အောင့်နဲ့ စိတ်မစိုးနဲ့နော် မင်းသမီးရှာမရလို့ပါ။ ဟီး...ဟီ...
ဟာ အကြတ်နေ့ကျရင် မီးသတ်ကာငှားလာမယ်ပြီး မေမိုးမခက ကြိမ်းဝါးရင်း ဆပ်ပြာခဲပါ ဝေမတဲ့...
ကဲ အားလုံး အချမ်းပြေ ရေနွေးကြမ်း ချိုခါးလေး သောက်ကြဗျာ၊ ပြီးရင် ဘုရားလှူဖို့နဲ့ ပေးချင်သူကို ပေးဖို့ ပိတောက်ပန်းတွေယူသွာကြအုံးနော်။
ဟိုးထား... ဒီအတွက် ကျေးဇူးတင် စကားကို ကျနော့်မပြောနဲ့ ကျနော်က အလှူလက်ဖက်နဲ့ မျက်နှာလုပ်တာ...ဟီး
တကယ် ကျေးဇူးတင်ရမှာက 99 ကိုဗျ။ ဟာဟာ
ဗွမ်း...ဟာ ဆော်ပြန်ပြီ ကြည့်စမ်း Tea နဲ့ stranger မင်္ဂလာနှစ်သစ်ပါဗျာ... ကဲ မနက်ဖြန်အတွက် အားမွေးဖို့ နားစို့။

3 comments:

မေမိုးမခ said...

ယိမ်းက ကဖို့လိုရင် မေမိုးလာကပေးမယ်
တူပို့ တူပို့နဲ့ကပေးမယ်လေ
ကားပျက်ရင်တော့ တွန်းပို့တွန်းပို့ ပဲပေါ့ဝေါရှော့ကို ဟိဟိ

99 said...

ဟေ့လူကြီး ..
မနေ့က ချိုခါးတွေ သောက်တာများပြီး ခုထိ မနိုးသေးဘူးလားဗျ ..။
ဟိုမှာ မီးသတ်ကားကြီး ငှားလာတဲ့လူတွေတောင် ခင်ဗျား ဘလော့ရှေ့ ရောက်နေပြီဗျ ..။
ကားတော့ရောက်နေပြီ .. ဒါပေမယ့် မီးပျက်နေလို့ ရေမထည့်ခဲ့ရဘူးတဲ့ .. ဟီး ..။
ဒီနေ့တော့ ကျနော်လည်း သကြားရှာမတွေ့လို့ ရေနွေးတွေက တော်တော် ခါးခါးတွေပဲ ပါလာတယ်ဗျ။ ကဲ ဒီမှာ လာကစားမယ့်လူတွေ သောက်ဖို့ ချန်ခဲ့တယ် ..။ မုန့်ကျွေးတဲ့ဘလော့တွေ လျှောက်လည်လိုက်အုံးမဗျို့ ..။ အပြန်မှ ၀င်လာခဲ့တော့မယ်။

စိုးထက် - Soe Htet ! said...

ကောင်း၏ ... ညီညွတ်တဲ့ စီဘောက်ခ်စ် သင်္ကြန် လေး ဗျ :)