Sunday, April 13, 2008

C Box ထဲမှာ နွဲတဲ့ သင်္ကြန် အမှတ် ၃

အင်း ဒီနေ့တော့ သတိနဲ့ထွက်မှ ဖြစ်မယ်။ အရင်ဆုံး ရေခဲနဲ့ မိရင် မချောင်...
ဒီလိုအတွေးနဲ့ ခေါင်းကလေးထွက်ကြည့် တယောက်မှမရှိ၊ အဟိ...။ ဒီနေ့တော စိုပြေတယ် ဆိုပြီး ထွက်ချလိုက်တာ...၊ ဗွမ်း... မထင်ထားတဲ့ ပေခရမ်း လက်နာပျောက်တာနဲ့ ကဲပြီ။ ဟူး တော်ပါသေးရဲ့ရေခဲရေမဟုတ်လို့။ ဗွမ်း... အမယ်လေး တကိုယ်လုံးစိမ့်ခဲ ရေခဲရေနဲ့ နွဲလိုက်တာ ကိုမော်စီ ပြီးတော့ သူနဲ့အတူ အထူးကောင် ၀ိုင်းပြီသုတ်လိုက်တဲ့ အိုးမဲ ကျနော် အာဖရိကား တောင်ရောက်သွားတယ်။ aimwaythu ကတော့ ရေစိုမှာကြောက်ပြီး ပြေးလိုက်တာ တန်းနေရော။ ဟော မေမိုးမခ တမျိုးထွင်လာပြန်ပြီး၊ ယိမ်းကာကြီးနဲ့ ‘သင်္ကြန်နှစ်ဦး တူးပို့ တူးပို့’ သီချင်းလေးနဲ့ ‘က’နေရင်းက ကားပျက်လေတော့ ဆိုလက်စ သီချင်းလေးကို စာသားတွေ များဆိုလိုက်တယ်။ ‘မထူးတော့ပါဘူး တွန်းပို့ တွန်းပို့’တဲ့လေ။ ရုတ်တရက် ပျာပျာသလဲ ပြေးလာပြီး “မီးသတ်ကားကြီး ငှားလာတဲ့ လူတွေတောင်လာနေပြီ” ”ဒါပေမယ့် မီးပျက်နေလို့ ရေမထည့်ခဲ့ရဘူး”ဆိုပြီး လက်ထဲပါလာတဲ့ ရေနွေး ခါးခါးတွေကို အားလုံးသောက်ပို့ပေးလာတဲ့ 99 က ဒီမှာ မုန့်မကျွေးလို့ ကျွေးတဲ့နေရာကိုသွားမယ်ဆိုပြီး ထွက်သွားလေရဲ့ ဒီလူ အီသီယိုဗီးယားကဖြစ်မယ်။
ကဲ... သောက်လိုက်ကြအုံး အခါးရည်... ...

blank paper, sai wunna နဲ့ မေသဇင် တို့လည်း ရောက်လာကြတယ်။ စိုးထက်, ၀င်္ကပါ, အောင်ဇေယျ, slip, Better tomorrow, လွယ်အိုက်ပန်နဲ့ နေလင်းတို့က ရေလာ ကစားရင်း တောင်းစုတွေချွေလို့... ။ ဗွမ်း... Tea ရောက်လာပြီး လောင်းတော့တာဘဲ။ “ဟာ... ရေရော အခါးရေတွေ ဖြစ်ကုန်ပြီ” သူက မပူနဲ့လာ ဆိုလို့လိုက်သွားတာ ဒန်ပေါက်ကျွေးလိုက်တယ်။ tHIHA, Soe Mya Nandar Thet Lwin ခေါ်လို့ ရန်ကုန်သင်္ကြန်လည်းရင်း မုံ့လုံးရေပေါ် သွားစားတာ အားပါ စပ်မှစပ် အဲလေ... ကောင်းမှကောင်း။ ပြန်ရောက်တော့ နှင်းလေးက ကျနော့် ပါးလေးကို လက်ကလေးနဲ့ ပွတ်သွားတယ်။ သြော်... သူက ထိုင်းသင်္ကြန်လို ပေါင်ဒါလေးနဲ့ သုတ်လိုက်တာပါ။ ဟဲ...
ဒီနေ့ ပါးပါးလေးလောင်းတဲ့ ညမီးအိမ်က နောက်နေ့ထူထူကြီး လာလောင်းမယ်တဲ့နော် သတိထားကြ။ ဗွမ်း... ဗွမ်း အား... အေးလိုက်တဲ့ ရေခဲရေ၊ မေမိုး က‘ပျော်ရွှင်စရာ မြန်မာ နှစ်သစ်ဖြစ်ပါစေ’လိုတောင်းစုချွေ။
အား... မရတော့ဘူး။ ကျနော် အာဖရိကား ကနေ တရုပ်အရာက်သွားရမှာမို့ ချမ်းလည်းချမ်းနေပြီ၊ မနက်ဖြန်မှတွေ့မယ်နော်။

1 comment:

99 said...

အော် .. မုန့်ကြွေးမယ့် ဘလော့တွေ လျှောက်ရှာသော်လည်း ..
စီးပွားရေး အခြေအနေ မကောင်းလို့ ဆိုပြီး ..
မုန့်မလုပ်ပဲ ..
ရေနွေးတေါပဲ ပြန်တိုက်လွှတ်ကြလို့ ..
ချာချာလည်ပြီး ပြန်လာခဲ့ရကြောင်း ..
ကိုမော်စီကြီးဆီမှာတော့ မုဒုံခေါက်ဆွဲကြော်အနံ့လေးရှူပြီး သွားရည်ယိုခဲ့ကြောင်း ..
ဒီနေ့တော့ ကျနော့်ဆီမှာ ရွှေရင်အေး ကျွေးနေကြောင်း .. မုန့်လုံးရေပေါ်လည်း စီစဉ်နေပါကြောင်း .. သတင်းကောင်းပါးပါသည်။