Monday, April 14, 2008

(၄၄)ရက်မြောက် ခရီးရှည် ချီတက်ခြင်း

ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတဦး
အမိမြန်မာပြည် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ငြိမ်းချမ်း ရေးတို့အတွက်၊ မိုင်ပေါင်း(၃၀၀၀)ကျော်ချီတက်နေတဲ့ ၈၈မျိုးဆက်ကျောင်းသား ရဲဘော်အေ သင်နဲ့ ရဲဘော်ဇော်မင်းထွေးတို့ နှစ်ဦးရဲ့ခရီးရှည်ချီတက်နေမှုဟာ ယနေ့ဆိုလျှင် (၄၄) ရက် မြောက် ရှိခြဲ့ပီး မိုင်ပေါင်း(၁၀၈၅)မိုင်ကျော် ဖြတ်သန်းခဲ့ပါပြီ ယခုဆှိုလျှင် သူတို့နှစ်ဦးဟာ (Wyoming) ပြည်နယ်ကို ကျော်ဖြတ်နေပါတယ်။

ရာသီဥတုကတော့ နံနက်ခင်းဆို လမ်းလျှောက်ရတာ အဆင်ပြေပြီး နေ့လည်ဖက်ဆို အလွန်ပူ ပြင်းတယ်လို့ ဆိုပါတယ်၊ ကန္တာရကွင်းပြင် ထဲကို ဖြတ်သန်းနေရသလို ခံစားနေရတယ်လို့ ပြော ပါတယ်။ (Wyoming) ပြည်နယ်ရဲ့ပထ၀ီမြေ အနေအထားက မြေပြန့်ကျယ်ကြီးတွေ ဖြစ်ပြီး သစ်ပင်တောအုပ် နေရိပ်အလွန်နည်းပါးလို့ လေတိုက်၊ နေပူတဲ့ ဒဏ်ကို ခံနေရတယ်လို့ သိရပါ တယ်။

(Wyoming) ပြည်နယ်ထဲကိုဝင်စမှာ ရာသီဥတုက အလွန်အေးနေတုံးပါ၊ လေကလည်းတိုက်နဲ့ သွေးခဲမတတ်အေးတယ်လို့ဆိုပါတယ်၊ လွန်ခဲ့တဲ့တပတ်လောက်ကဆို ရဲဘော်အေသင် တ ယောက် အအေးမိ၊ အသက်ရှူကြပ်ပြီး မူးမေ့လဲမတတ် ခံစားရတယ်လို့ပြောပါတယ်၊ ဒါကြောင့် ဆေးရုံအရေးပေါ်ဌာနမှာ တက်ရောက် ဆေးကုသမှူ ခံခဲ့ရပါတယ်။ ဆေးရုံက ဆရာဝန်တွေ၊ သူနာပြုနဲ့ ၀န်ထမ်းတွေက အမိမြန်မာပြည်အတွက် မိုင်ပေါင်း(၃၀၀၀)ကျော် လမ်းလျှောက်ချီ တက်နေတဲ့ ရဲဘော်အေသင်တို့ကို အံ့သြထူးဆန်းစွာဖြင့်မေးမြန်းကြပါတယ်၊ လေးစားစွာ ဂရု တစိုက် ပြုစုကုသပေးကြပါတယ် လို့ပြောပါတယ်၊ (၂)ရက်လောက်အနားယူ ပြီးမှ သက်သာ သွားပါတယ်၊အခုတော့ ဆက်လက် ချီတက်နိုင်ပါပြီ။

(Wyoming) ပြည်နယ်တပြည်နယ်လုံးမှာ အခြေချနေထိုင်သူ မြန်မာပြည်သား တဦးတ ယောက်မှ မရှိဘူးလို့ သိရပါတယ်၊ သူတို့ကို ကူညီမယ့်သူ လုံးဝမရှိပါဘူး၊ဒါကြောင့် သူတို့စား သောက်နေထိုင် တည်းခိုဖို့ အလွန်ခက်ခဲနေတယ်လို့သိရပါတယ်။ ရံပုံငွေလည်း မလုံလောက် တော့ဘူး လို့ပြောပါတယ်၊ ဒေသလုံခြုံရေးတာဝန်ယူထားတဲ့ အမေရိကန်ပြည်နယ် ရဲအရာရှိများ ကတော့ ရဲဘော်အေသင်တို့ကို တတ်နိုင် သမျှကူညီကြပါတယ်လို့သိရပါတယ်။
-ထို့ကြောင့် ရဲဘော်များ၊ မျိုးချစ်မြန်မာများ အနေနဲ့ တတ်နိုင်သမျှဝိုင်းဝန်း ကူညီကြဖို့ ကျနော်တို့ အကြောင်းကြားလိုက်ပါတယ်။

Ph-ကိုအေသင်---971-285-7399
-ကိုဇော်မင်းထွေး-- 919-357-6852

2 comments:

Welcome said...

အောင်မြင်ပါစေ...
ကြိုးစားမှုရဲ့ အသီးအပွင့်ကို
ခံစားနိုင်ပါစေ...။

Welcome said...

အောင်မြင်ပါစေ...။
အောင်မြင်မှုအသီးအပွင့်ကို
ချက်ချင်းရယူနိုင်ပါစေ...။