Monday, April 14, 2008

C Box ထဲမှာ နွဲတဲ့ သင်္ကြန် အမှတ် ၎

“မင်္ဂလာ နှစ်သစ်ပါ ခင်ဗျာ...”
စိုးထက် အော်လိုက်တော့ ဒီအသံကြားဘူးပါတယ်လို့ဆိုပြီး ကျနော် ထွက်ချလိုက်တာ ကိုမော်စီက ပြွတ်... ပြွတ်... နဲ့ ရေပိုက်ထိုးတယ်။
England ပြန်ရင် အေးမှာကြောက်တဲ့ အောင်ဇေယျ တယောက်ကတော့ ရေခဲရေနဲ့ မပတ်ကြပါနဲ့တဲ့ ဟားဟား... ရီစရာကြီး က လာကစားနေတဲ့ သူဆို ပိုစိုးပေါ့။ ဗွမ်း... မီးသတ်ပိုက်နဲ့ထိုးတာ ချာကနဲ လည်ထွက်အသွား၊ ရေထုပ်က ခေါင်းလာမှန် “ဟင်း... ဘယ်သူလဲကွ ရေထုပ်နဲ့ဆော်တာ” စပ်ဖီးဖီး မျက်နှာနဲ့ Teaက “ဟီး... အကို ဒန်ပေါက်ထပ်ချက်ထားတယ်။” တဲ့ စားရတာက နဲနဲရယ် အား... အာလူးပါထွက်သွားလား မသိဘူး။ တဟားဟားနဲ့ အထူးကောင်က ကျနော့်ကိုကြည့်ပြီး “အိုးမဲတွေနဲ့”တဲ့ ဟုတ်ပါရဲ့ မနေ့က အခါးရေများသွားလို့ တရုပ်ကိုသွားတာ အန္ဒိယရောက်သွားလို့ပါ။ “လောင်း... လောင်း... လောင်းလိုက်ပါ ရွဲအောင်လောင်းလိုက်ပါ။ ပက်...ပက်... ပက်လိုက်ပါ” “အတာရေတွေ အေးပါတယ်ရှင်.. အတာရေတွေ ချမ်းပါတယ်ရှင်..” “ဟော့တော်... ရေတွေ ရွဲကုန်ပြီ” ဟိုရောက် ဒီရောက် သီချင်းလေးနဲ့ ဆုတောင်းပေးလာသူ Soe Mya Nandar Thet Lwin တယောက် အတော်လေး မြောက်နေပုံဘဲ။

“အင်း ဒါမဟုတ်မှလွဲရော 99 လက်ချက်ဘဲဖြစ်မယ်”အတွေးမဆုံးခင် ‘ဟေ့...လူကြီး’ဆိုပြီး နောက်ကနေ 99 ရောက်လာပြီး မုန့်ကြွေးမယ့် ဘလော့တွေ လျှောက်ရှာသော်လည်း စီးပွားရေး အခြေအနေ မကောင်းလို့ ဆိုပြီး မုန့်မလုပ်ပဲ ရေနွေးတွေပဲ ပြန်တိုက်လွှတ်ကြလို့ ချာချာလည်ပြီး ပြန်လာခဲ့ရကြောင်း...
ကိုမော်စီကြီးဆီမှာတော့ မုဒုံခေါက်ဆွဲကြော်အနံ့လေးရှူပြီး သွားရည်ယိုခဲ့ကြောင်း...
ဒီနေ့တော့ သူ့ဆီမှာ ရွှေရင်အေး ကျွေးနေကြောင်း...
မုန့်လုံးရေပေါ်လည်း စီစဉ်နေပါကြောင်း...ပြောပြီး “ဟောဒီမှာ ၉ ဆင့်ချိုင့်နဲ့ မုန့်လာပို့တယ်” “ချိုင့်တော့ ပြန်ပေးနော် ဟေ့လူ...ကျနော် လည်း သူများဆီက ငှားလာတာ”တဲ့ ကျနော်က “အားလုံးကို မေး”လို့ ပြောလိုက်တယ်။
ကဲ... သူအမေးကိုနောက်မှဖြေကြ၊ ဒီမှာ “ရွှေရင်းအေး”တဲ့ သောက်ထား...
ဗွမ်း... အား... ရွှေရင်တင်အေးတာမဟုတ် တကိုယ်လုံးအေးတာ၊ ၀င်းဇော် ရေခခဲရေဘဲ ကျန်လို့ လောင်းသွားတာတဲ့ သေပြီဆရာ။
“ကိုကိုရေ ဖုန်းလာနေတယ်”ဆိုလို့ ဘယ်သူ့ဖုန်းတယ်လို့ ဟိုလူ့ကြည့် ဒီလူ့ကြည့်ဖြစ်နေတဲ့ ကျနော် ကိုယ့်ဖုန်းက အော်နေတာ၊ ဇောင်းလေ Ringtone ဘယ်အချိန်က ပြောင်းသွားလဲ မသိလိုက်ဘူး။ “လှုပ်ရှားနေတဲ့ သင်္ကြန်... ဟေ့”လို့ အော်လာတဲ့ အက္ခရက အချမ်းပြေ လေးပေးသွားတယ်။ အချမ်းပြေလေးကြောင့် ခပ်နွေးနွေးဖြစ်နေတုံး ဗွမ်း... ဗွမ်း... ဗွမ်း... ဗွမ်း... “မှတ်ထား”ဆိုပြီး အဆက်မပြတ်လောင်းတဲ့ ပေခရမ်းရဲ့လက် ကျမ္မာရေး အတော်ကောင်းလာပုံရတယ်။ ဟာ... မီးသတ်ကာကြီးနဲ့ဆော်ပြီး၊ အမလေး တော်ပါသေးရဲ့ မိုးပေါ်ထောင်ပက်သွားတဲ့ ညမီးအိမ်ကို ကျေးဇူးတင်ရမယ်၊ တည့်တည့်သာဆို...
မုန့်စားကြွပါဆိုလို Thiha ခေါ်ရာလိုက်သွားတာ ဟိုလဲရောက်ရော Rock BEAT ဖွင့်ပြီး အတူတူ‘က’ရင်း ခေါင်းတွေငြိမ့်မှ မုံ့ဟင်းခါး ကျွေးမယ်ဆိုတာနဲ့ ငြိမ့်လိုက်ရတဲ့ခေါင်း ပေါက်သင်ညိုတောင် အရှုံးပေးရတယ်။ နေမကောင်းတဲ့ကြားက နှင်းလေး မုံ့လုံးရေပေါ်လုပ်ကျွေးတာ ကျွေးဇူးပါ။ “အလုပ်ရှုပ်နေလား” sai wunna ရဲ့အမေးကို ပြန်မဖြေနိုင် thanhtut ရဲ့ပြည်တွင်းက စာလေးကိုကိုင်းရင်း ဟင်း... နားမယ်ဗျာ။

1 comment:

thanhtut said...

ကောင်းတယ်ဗျာ C box သင်္ကြန်။