Saturday, April 26, 2008

ငုရင်ပြင်

ကျနော် ချစ်ခင်လေးစားခဲ့ရတဲ့ ရဲဘော် တိုက်မောင်းဟာ တော်လှန်ရေး တာဝန်များကို ထမ်း ဆောင်နေရင်း ၁၉၉၅ ဧပြီလ-၂၆ ရက်နေ့မှာ ကျဆုံးသွားခဲ့တယ်။ သူ ကျဆုံးတာ (၁၃) နှစ် ရှိ ခဲ့ပါပြီ။ နှစ်ကာလတွေ ကြာသော်လည်း ကျနော် လေးစားရသူကို သတိရ တမ်းတ လွမ်းဆွတ် နေမြဲပါ။ တော်လှန်ရေးထဲမှာ အချောင်သမားတွေကို တွေ့မြင်ရလေလေ.. အခုလို..ခက်ခဲရှုပ် ထွေးနေတဲ့ ကာလမှာ ရဲရင့် တည်ကြည် ပြတ်သားတဲ့ ခေါင်းဆောင်မှုကို ရှာဖွေမတွေ့လေလေ.. တော်လှန်ရေးအပေါ်သဘောထား မှန်ကန်သူတွေကို မတွေ့လေလေ... ကျနော်ကတော့ ရဲဘော်တိုက်မောင်းကို တမ်းတနေဆဲပါ... ဒီနေ့မှာ သူ့ကိုဂုဏ်ပြုရင်း.. ငုရင်ပြင်.... ဆိုတာကို ဖေါ်ပြလိုက်ပါတယ်။

နောက်ခံ ဓါတ်ပုံပေးပို့လာသော မမိုးမခအား ကျေးဇူးတင်ပါတယ်။ ဒီမှာနှိပ်ပါ


1 comment:

Anonymous said...

ငုရင်ပြင်မှာ လာခံစားသွားပါတယ်။ တခါတုန်းကပေါ့ ဒေါင်းအိုးဝေစာစောင်မှ ကိုတိုက်မောင်း ရင်ခုန်သံတွေကို လွင့်မျောရင်း ရိုးမတခုပေါ်မှာ စီးမျောခဲ့တယ်။