မနေသာ အဖြေရှာညှိ
အသေအချာ မဖြေသာစစ်တော့
တကယ်ပါရှောင်ခွါပစ်ရင်
မီးတောင်သာပေါက်ကာကွဲပေါ့
ဝေဿနာ...
စစ်တုရင်ပွဲမှာတကွက်အမှား
အချောင် စားချင်သူတွေကြား...
အဝေးက ပွားနေသူတွေကြား...
အနီးကပ် စားနေသူတွေကြား...
နိယာမတရား မရှိသူတွေကြား...
ဖိတ်စာတွေစုတ်ပြဲ လုပ်ရဲပေစွ။
အချုပ်ထဲမှာ သရုပ်ခွဲကာနေရ
ပချုပ်ထဲမှာ ပဲ့နေတဲ့ဆည်းလည်းဖြစ်ခဲ့ရ
လေဟာနယ်မှာ တကယ်ပါ...
ရယ်ပါ
ပြုံးပါ
ငါ့ နှလုံးသာဟာ
ကျီးအတွေအတွက် အစာ(ပါ့)ပ ။ ။
Tuesday, April 29, 2008
အတွင်းကြေ
Subscribe to:
Post Comments (Atom)
1 comment:
အတွင်းကြေဆိုလို့ ဖြူဖြူကျော်သိန်း မှတ်တယ်.. :)
သူက ရင်လာကွဲပြနေတယ်..
ဒီအရွယ်ကြီးမှ.. တော်တော်ကဲတယ်..
ကျီးတွေထပ်ပြီး လွှတ်ပေးလိုက်ဥိးမှပဲနော်..
Post a Comment