Tuesday, April 29, 2008

အတွင်းကြေ

မနေသာ အဖြေရှာညှိ
အသေအချာ မဖြေသာစစ်တော့
တကယ်ပါရှောင်ခွါပစ်ရင်
မီးတောင်သာပေါက်ကာကွဲပေါ့
ဝေဿနာ...

စစ်တုရင်ပွဲမှာတကွက်အမှား
အချောင် စားချင်သူတွေကြား...
အဝေးက ပွားနေသူတွေကြား...
အနီးကပ် စားနေသူတွေကြား...
နိယာမတရား မရှိသူတွေကြား...
ဖိတ်စာတွေစုတ်ပြဲ လုပ်ရဲပေစွ။

အချုပ်ထဲမှာ သရုပ်ခွဲကာနေရ
ပချုပ်ထဲမှာ ပဲ့နေတဲ့ဆည်းလည်းဖြစ်ခဲ့ရ
လေဟာနယ်မှာ တကယ်ပါ...

ရယ်ပါ
ပြုံးပါ
ငါ့ နှလုံးသာဟာ
ကျီးအတွေအတွက် အစာ(ပါ့)ပ ။ ။

1 comment:

Tea said...

အတွင်းကြေဆိုလို့ ဖြူဖြူကျော်သိန်း မှတ်တယ်.. :)
သူက ရင်လာကွဲပြနေတယ်..
ဒီအရွယ်ကြီးမှ.. တော်တော်ကဲတယ်..
ကျီးတွေထပ်ပြီး လွှတ်ပေးလိုက်ဥိးမှပဲနော်..