ရဲထိန်
တွင်းအဟောင်းအောင်းတဲ့ ကြွက်
တွင်းသစ်ပြင်
ဝင်တဲ့ ကြွက်
တွင်းတူးလျှက်
ထွက်တဲ့ ကြွက်
မအောင်းမတူး
ရူးတဲ့ ကြွက်
ပညာရှိတို့ဆိုရိုး
ကြွက်လေးမျိုး
ခု … နောက်တမျိုး
ကြွက်ငါးမျိုးဖြစ်လေပြီ။
(နောက်ဆုံးပေါ် ကြွက်…)
သူများကျင်းထက် အတင်းတက်
နေရာလုတဲ့ ကြွက်။
(ကမ္ဘာတ၀ှမ်းလုံးရှိ နေရာလုသူများအားလုံးသို့ တိုက်ရိုက်ရည်ညွန်းသည်)
7 comments:
အဲဒီကြွက်ထဲမှာ မေမိုးတို့ မပါတာတော့သေချာနေပြီ
ကိုယ့်ကိုယ်ကို သိတဲ့လူတွေကတော့ နာမှာပေါ့
မေမိုး > ရေ ကဗျာဆရာက တိုက်ရိုက်ရည်ညွန်းထားတယ်ဆိုတော့ …
အဲဒီ့ကြွက်တွေမျိုးဖြတ်ပြစ် :)
တစ်မျိုးတော့ တစ်မျိုးပဲ .. နံပါတ်ဘယ်လောက်လဲတော့မသိဘူး
သူများကျင်းထက် အတင်းတက်
နေရာလုတဲ့ ကြွက်။
ကဗျာလေးကောင်းတယ်ဗျာ
အော်...ကြွက်...ကြွက်.....
ကြွက်......ကြွက်..............။
ကိုတိုက်မောင်း ကဗျာတွေဆက်တင်ပါအုံး။ အားပေးလျှက်။
Post a Comment