Thursday, April 3, 2008

ပဥ္မမမြောက် ကြွက်

ရဲထိန်
တွင်းအဟောင်း
အောင်းတဲ့ ကြွက်
တွင်းသစ်ပြင်
ဝင်တဲ့ ကြွက်

တွင်းတူးလျှက်
ထွက်တဲ့ ကြွက်


မအောင်းမတူး
ရူးတဲ့ ကြွက်

ပညာရှိတို့ဆိုရိုး
ကြွက်လေးမျိုး
ခု … နောက်တမျိုး
ကြွက်ငါးမျိုးဖြစ်လေပြီ။
(နောက်ဆုံးပေါ် ကြွက်…)
သူများကျင်းထက် အတင်းတက်
နေရာလုတဲ့ ကြွက်။

(ကမ္ဘာတ၀ှမ်းလုံးရှိ နေရာလုသူများအားလုံးသို့ တိုက်ရိုက်ရည်ညွန်းသည်)

7 comments:

မေမိုးမခ said...

အဲဒီကြွက်ထဲမှာ မေမိုးတို့ မပါတာတော့သေချာနေပြီ
ကိုယ့်ကိုယ်ကို သိတဲ့လူတွေကတော့ နာမှာပေါ့

ငြိမ်းစု said...

မေမိုး > ရေ ကဗျာဆရာက တိုက်ရိုက်ရည်ညွန်းထားတယ်ဆိုတော့ …

Unknown said...

အဲဒီ့ကြွက်တွေမျိုးဖြတ်ပြစ် :)

vivian said...

တစ်မျိုးတော့ တစ်မျိုးပဲ .. နံပါတ်ဘယ်လောက်လဲတော့မသိဘူး

Kaung Kin Ko said...

သူများကျင်းထက် အတင်းတက်
နေရာလုတဲ့ ကြွက်။
ကဗျာလေးကောင်းတယ်ဗျာ

emayarKhin said...

အော်...ကြွက်...ကြွက်.....
ကြွက်......ကြွက်..............။

Nyein Chan Aung said...

ကိုတိုက်မောင်း ကဗျာတွေဆက်တင်ပါအုံး။ အားပေးလျှက်။