Saturday, April 12, 2008

C Box ထဲမှာ နွဲတဲ့ သင်္ကြန်

နေအပျိုမှာ ရေစိုရပြန်ပြီပေါ့။ ပက်လိုက်တာ ရေတွေများဆို အလို ... C Box တခုလုံး ရွဲရွဲစိုလို့ ... ...။
ကျနော်ပက်လိုက်တာ blank paper စိုကုန်ပြီ၊ နှင်းလေး, ဖြိုးငယ်, skyNearth, wanttobackhome, တို့ကလည်း ပြန်လောင်းကြ၊ Tea ကဆို တဘုန်းဘုန်နဲ့ ဒီကြားထဲ မေမိုးမခ က ပိုက်ကြီးနဲ့ ရေခဲရေတောင်ပါသေး။ အမလေး အေးတာများဆို တုန်နေရော...။
ကိုမော်စီ လည်းပါသပေါ့။ ပိတောက်လက်ဆောင်ယူသွားသူက upasaka လေ။
Apprenticeship က ကျနော့်ကို မျက်မှန် လက်ဆောင်ပေးပြီး၊ လောကကြီးကို အရောင်ဘောင်မပါဘဲ သဘာဝအလှများကို နေကာမျက်မှန် ချွတ်ပြီး ခံစားဘို့ မှာလိုက်သေးတယ်။ ပျော်လိုက်တာ။
ဟိုမှာ မြန်မာပြည်ကိုလွမ်းသူက မင်းသားကတာ ကြည့်နေတုန်း...။
ဝုန်း...ဆို
ဟောဗျာ ... ကိုဂျေ, ဆိုးသွမ်းက ပုံးနဲ့ နွဲလို့ ကျနော် ခေါင်းအစ ခြေအဆုံး စိုရွဲသွားပြန်ပြီ။
ကြယ်စင်လေးက ပြုံးလို့ သူဆုတောင်းပြည့်သွားတာကိုးဗျ။
အာ... ချမ်းလာပီဗျာ
ဒီနေ့တော့ ဆက်ပြီး မကစာနိုင်တော့ဘူး၊ နောက်ရက်မှ ဆုံမယ်။
အားလုံးကိုကျေးဇူးတင်တယ်။


2 comments:

မေမိုးမခ said...

လူတွေမစုံသေးဘူး ဒါတောင်နည်းသေးတယ် အကြတ်နေ့ကျရင် မီးသတ်ကားငှားပြီး လာပက်မှာ ဟိဟိ အဲဒီနေ့ကျရင် ဆပ်ပြာခဲလဲ အခမဲ ဝေပေးမယ်လေ
ပျော်ရွှင်ချမ်းမြေ့သော သင်္ကြန်ဖြစ်ပါစေ

မြန်မာပြည်ကိုလွမ်းတယ် said...

ရေးတတ်လိုက်တာအကိုငြိမ်းစုရာ၊နက်ဖန်ကျရင်
တော့ မင်းသမီးကတာကြည့်လိုက်မယ်နော်။
ဟိဟိ။