Tuesday, April 15, 2008

C Box ထဲမှာ နွဲတဲ့ သင်္ကြန် အမှတ် ၅

ကျနော်ဒီနေ့ ထွက်လာခဲ့တာ အဆင်ပြေသဗျ၊ ရေတစက်ကလေးမှ မစို၊ ဘယ်ရမလဲ ဟိုပုန်း ဒီရှောင်လုပ်လာတာ ဟားဟား...
“ဘယ်လိုပုန်းပုန်းမရဘူးကွယ်...ပောာဒီမှာရေခဲရေ” အား... အထူးကောင် လက်ချက်မိသွားတာ၊ “မင်္ဂလာ နှစ်သစ်ပါ ခင်ဗျာ”ခုမှာ နှုတ်ဆက်လာတဲ့ စိုးထက် သူတို့နှစ်ယောက် ပေါင်းလုပ်တာဖြစ်မယ်။ ဟင်း...
စိတ်ထဲမှာ ဒီနှစ်ယောက်ကို မကျေမချမ်းဖြစ်နေတုံး၊ ဗွမ်း...ဗွမ်း...အဆက်မပြတ်လောင်းတာ ကြည့်လိုက်တော့ ပေခရမ်း လက်စွမ်းနေတာလေ။ 99 တယောက်ကတော့ မုန့်လုပ်တာပင်ပမ်းပြီး၊ ခေါင်းကိုက်လို့တဲ့ အလကား ရေနွေးတွေအသောက်များပြီး ဖြစ်နေတာ။

မေမိုး, အိမ်လေး, စိုးထွန်းနိုင်တို့လဲ ၀င်ကဲနေကြတော့ ကျနော်လဲ သတိလွတ်ပြီး ပျော်တာပေါ့။ ဒီအကွက်ကိုချောင်းနေတဲ့ Teaက ရေခဲရေနဲ့ ခပ်ကြမ်းကြမ်းဆော်လိုတာ အော်ယူရတယ်။ မွေးမေလေ့...
မနေ့တုန်းက ရေလာမဆော့ဖြစ်တဲ့ မေမိုးမခက နောက်နေ့ဆိုရင် ၅နာရီကတည်းက ထပြီး လာစောင့်မှာလို့ပြောတာနားထောင်နေရင်း ဗွမ်း အား လာပြန်ပြီ ရေခဲရေ နှင်းလေးရေ လူကိုခဲသေအောင်လုပ်နေတာလား။ အားလားလား...
“မနက်ဖန်တော့ နောက်ဆုံးမို့ အကဲဆုံးဖြစ်မယ် ထင်တယ်ဗျို့”လို့ မင်းကျန်စစ်ရဲ့ လှံဖြစ်သလို အော်ပြောတာကို ကျနော်ပြန်ဖြေနိုင်ဘဲ
ဒီနေ့အဖို့ ရေခဲရေသုံးခါမိသွားတဲ့ ကျနော့်နှလုံးသားလေး အေးခဲမသွားခင် ပြေးပြီဗျို့ မနက်ဖြန်မှတွေ့မယ်။

1 comment:

ein said...

ဂလိုပြေးလို့ရရိုးလားဗျ ဟဲဟဲ အရဘူး ရွှဲစိုအောင်ကို လောင်းသွားတယ်ဗျ ရေခဲရေအေးအေးလေးနဲ့ကို ဗွမ်းးးး...း) ဟိ နာကွ အကိုငြိမ်းစုကိုရေစိုအောင်လောင်းနိုင်တယ်ကွ...:D