Wednesday, April 16, 2008

C Box ထဲမှာ နွှဲတဲ့ သင်္ကြန် အမှတ် ၆ နောက်ဆုံးပိုင်း

ဒီနေ့နောက်ဆုံးနေ့ဆိုတော့ ကွဲမယ့် ကဲမယ့်သူတွေများတယ်။ ဒါကြောင့် လုံခြုံရေးအထူးလိုအပ်တဲ့အတွက် အကြတ်နေ့က အိုင်စီ(IC)တီးဝိုင်း ဖျော်ဖြေခဲ့တဲ့ ကုက္ကိုင်းလမ်းဆုံ အယ်လ်ပိုင်း(lapine)မဏ္ဍပ်မှ လုံခြုံရေးတာဝန်ခဲ့တဲ့ စွမ်းအားရှင်တွေကို ၃၀၀၀ ပေးပြီး ငှားထားတယ်။ ကဲကြစမ်းကဲတာနဲ့ ကွဲမှာနော့် ဟ... ဟား...
ဒုန်း... ဟိုက် ငါမွေးတဲ့မျောက် ငါ့ပြန်ချောက်နေပြီနဲ့တူတယ်။ ဟာ မဟုတ်ဘူး ရေခဲတုံးပြစ်ချတာ ဒါကြီးနဲ့ကို ပက်မယ်ဆိုတဲ့ ပေခရမ်း အမလေး ကြီးတာမှ နဲတဲ့ဟာကြီးမဟုတ်ဘူး။(ရေခဲတုံးကြီး) တော်ပါသေးရဲ့လုံခြုံရေးချထားလို့ နို့ မလွယ်...။

အိုးလေးတွေ ခေါင်းပေါ်မှောက်ပြီး လှုပ် လှုပ် အိုးလေးလှုပ်လို့ အော်လာတဲ့ Soe Mya Nandar Thet Lwinက “နှစ်သစ်နှင့်အတူ ပျော်ရွှင်နိုင်ပါစေ...”လို့ တောင်းဆုခြွေလိုက်တယ်။ စောစောစီးစီး ရောက်နေပြီ ထင်ပါရဲ့ ရေလောင်းရင်း အိုးမဲပါသုတ်သွားတဲ့ အထူးကောင် ကလည်း “အိုးကလေးသုံးရာပေား..အိုးကြီးငါးရာပေား....”လို့ အော်နေလေရဲ့သူလည်းမြောက်နေပြီ။ ShwunMI, Better tomorrow, sai wunna, စိုးထက်, kaungtaang, wanttobackhome, kthuyein, poe တို့လည်းရောက်လာကြပြီး နှစ်သစ်မှာ ပျော်ရွင်နိုင်ကြပါစေ လို့ ဆုတောင်းကြ နှုတ်ဆက်ကြပေါ့။ အတော်ပျော်ဖို့ကောင်းနေပြီ။ ကျောင်းသွားရတော့မယ့် 99 က အားလုံးကိုနှုတ်ဆက်ရင်း “နှစ်သစ်ကူး resolution လည်း လုပ်ဖို့ မမေ့ကြနဲ့အုံးဗျို့”လို့ပြောသွားတယ်။ ဗွမ်းဗွမ်း နောက်ဆုံးနေ့ဆိုတော့ အပြတ်ကဲပြီဟေ့”လို့ ကြွေးကြော်ရင်း အိုးလေးလှုပ်ဖို့အားပေးပြီး ရေခဲရေလောင်းသွားတဲ့ စိုးနိုင်ထွန်း ကဲလဲကဲ ကွဲလဲကွဲနေပါပကောလား။ မီးသတ်ကားတစ်စီး စာ ရေခဲရေတွေနဲ့ တစ်ခါတည်း ထိုင်ပြီး တစ်ပုံးခြင်း တဗွမ်း ဗွမ်း လောင်းနေတဲ့ Tea တယောက် လျှာကလေးထွက်လို့ “မောလာပြီကွယ်..”တဲ့ သနားစရာ အပီနွှဲရအောင်ဆိုတဲ့လူ နွှဲသာနွှဲဗျို့။ ဗွမ်း ဗွမ်း ဟာလာပြန်ပြီ ရေခဲရေ MayMoe နောက်ဆုံးနေ့မို့ပါတဲ့၊ ဒီနေ့တော့ ရေခဲနဲ့ဘဲ ညားမှာပါ။ ကိုမော်စီက တိတ်တိတ်ကလေးလောင်းတယ်။ နှင်းလေးကလဲ ဆုတောင်းလေးနဲ့ လောင်းသွားလိုက် ရေခဲရေဘဲ။ “ကောင်းသောနှစ်သစ် ဖြစ်ပါစေရှင်”လို့ဆုတောင်းလာတဲ့ saitmonကလည်းလောင်း လောင်းတယ်ဗျာ၊ ရေခဲရေကလည်း အေး အေးပါတယ်လို့ ဆိုပါရစေ။ တာယာက “နှစ်သစ်မှာ ပျော်ရွင်ခြင်းတွေနှင့်အတူ ဘ၀ခရီးကို လျှောက်လှမ်းနိုင်ပါစေ”လို့ ဆုမွန်ကောင်း တောင်းတော့မှ သိရသွားတယ်။ နေညိုတဲ့အထိ ရေစိုမယ့် အက္ခရ ရေ....
နေကတော့အိုပြီ ရေကတော့စိုနေဆဲ....ဗျို့

အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ၊ C Box သင်္ကြန် နွှဲကြတဲ့ မိတ်ဆွေသူငယ်ချင်းများ “နှစ်သစ်မှာ ချစ် ချစ်ခင်စရာ လူငယ်လေးများ၊ အနာဂတ်ကို ပိုစိုးသူများ၊ လွတ်လပ်ပြီး ရဲရင့်ဖြတ်သားသော ပြည်ချစ်လူငယ်များ ဖြစ်ကြပါစေ”

1 comment:

99 said...

ကျောင်းကအပြန် ၀င်ဖတ်သွားတယ်ဗျို့။ အထူးခြားဆုံး Cbox သင်္ကြန်အတွက် ကျေးဇူးပါဗျာ။
အပြင်က သင်္ကြန်ထက် ပိုစည်ပီး အအေးဒဏ် ပိုခံနိုင်တဲ့အပြင် ညီအကို မောင်နှမတွေလို ရင်းနှီးမှုတွေနဲ့ ယဉ်ကျေးပျူငှာမှုတွေကို ပြန်ခံစားလိုက်ရလို့ပါ။ :)
အားလုံးပဲ နှစ်သစ်မှာ ..
လူသစ် ..
စိတ်သစ် ..
ရည်ရွယ်ချက်သစ်နဲ့ .. အောင်မြင်မှုတွေသစ်နိုင်ပါစေပါ။