Wednesday, May 21, 2008

ရဲဘော်… သို့….. ကဗျာ

ဗဆန်းဇော်‐
နှစ်ကာလတွေဘယ်လောက်ကြာကြာ
ဘယ်နေရာဘယ်ဒေသမှာပဲနေနေ
ရင်ထဲကိန်းအောင်းတွယ်ရစ်
ချစ်ခင်လေးစား သွေးကြားထဲထိ
သတိရတယ်…. ရဲဘော်…။

ဟိုး…တောစခန်းတနေရာမှာ
ငါ..နေမကောင်းတုံးက
ခေါင်းမူးချောင်းဆိုးအော့အန်နဲ့
ငှက်ဖျားရဲ့တိုက်ခိုက်မှုခံရတဲ့ညကပေါ့
ပိုက်တွေကလည်းကိုယ်ပေါ်မှာတန်းလန်းနဲ့
ငါ .. အိပ်မရတာ တညလုံးပါပဲ
စာဖတ်ပြီးစောင့်ကြည့်နေရှာတဲ့ 
“ရဲဘော်”ရဲ့မျက်နှာကို
ငါ……ခုထိမြင်ယောင်စွဲထင်နေတုံးပ
လမင်းလိုမျက်နှာနဲ့
ညှင်သာတဲ့ဂရုနာအားပေးစကား
နှလုံးသားထဲစွဲငြိ
သတိရတယ်..ရဲဘော်..။

ငါအဘိဓမ္မာနုနယ်စဉ်က
အနုပဋိလောမ
ရုပ်ဝါဒ
အမြင်၊ရပ်တည်ချက်၊နည်းနာ
သမိုင်းဆိုင်ရာလေ့လာရေး
သဘောတရားဆိုင်ရာလေ့လာရေး
ပကတိအခြေအနေ လေ့လာရေး
နိုင်ငံရေး၊စစ်ရေး၊လူထုစည်းရုံးရေး
ဆွေးနွေးပို့ချ
လမ်းညွှန်ပြနဲ့ သဘောထားကြီးမြတ်တဲ့သူ
လေးစားအထင်ကြီးရတဲ့ သူ
“ဘုန်းတော်ကြီးတပါး” လိုကိုယ်ကျင့်သီလမွန်မြတ်တဲ့ …သူ
ဘာသာစကားမျိုးစုံတတ်ကျွမ်းတဲ့..သူ
အနစ်နာခံလွန်းတဲ.့ .သူ
“စ”ံပြုရတ့.ဲ သူ
လူထုကချစ်တဲ့သူ
ရဲဘော်တွေကချစ်တဲ့..သူ
သတိရတယ်…ရဲဘော်..။

နှစ်တွေအတော်ကြာပေါ့
ဘယ်ရောက်နေပါလိမ့်
ဘယ်မှာများခိုအောင်းနေပါလိမ့်
မြေအောက်လုပ်ငန်းတွေထဲနစ်မွန်းနေပြီထင်ရဲ့
လူထုကြားထဲရောယှက်လှူပ်ရှား
မျိုးဆက်သစ်တွေမွေးဖွား
စည်းရုံးခြင်းနဲ့သွားလာနေထိုင်ရင်း
“အခင်းအကျင်း”သစ်တွေတီထွင်နေပြီထင်ရဲ့
နေကောင်းပါရဲ့လား
စားဝတ်နေရေးရော ဘယ်လိုပါလိမ့်
အတ္တကို စွန့်ထားတာနှစ်ပေါင်းကမနည်းပြီ
“သံမဏိ”သူရဲကောင်း
ငါ့….ခေါင်းဆောင်…ရဲဘော်ရေ..။
မမြင်မတွေ့ မကြားရ
သတင်းအချက်အလက်တွေကလည်းမတိကျ..
မသိရနဲ့
ငါ့ခမျာ…..
(ရဲဘော်..အတွက်)…ဗျာများနေမိပါရဲ့
သတိရတယ်…ရဲဘော်..။
ရဲဘော်ရေ…
နေကောင်းကျမ္မာပြီး
တော်လှန်ရေးခရီးဆက်လက်လျှောက်လှမ်းနိုင်ပါစေ..
သက်တော်ရာကျော်ရှည်ပါစေ
လုပ်ငန်းတွေပိုလုပ်နိုင်ပါစေ
“ဗမာပြည်ကွန်မြူနစ်ပါတီ..အဓွန့်ရှည်ပါစေ”…။

1 comment:

မယ်ထိပ်ထား said...

ကဗျာလေးက တော်လှန်ရေးရဲဘော်တွေရဲ့ ဘ၀ကို ထင်ဟပ်စေတယ်.. ဒီလိုကဗျာတွေ .. နောက်လည်း ထပ်တင်ပါဦး.. လာလည်ပါဦးမယ်....