Thursday, May 29, 2008

ကြွက်

ဟိန်း
ကြွက်တကောင်ဟာ နံရံအပေါက်တခုမှ နေပြီး၊ လယ်သမားဇနီးမောင်နှံနှစ်ဦး အထုပ်တထုပ် ဖြေနေတာကို တွေ့မြင်လိုက် ရတယ်။ အထုပ်ထဲက အရာဟာ ဘာစားစရာများ ဖြစ်မလဲလေ။ ကြွက် ထောင်ချောက် တခုဖြစ်မှန်း သိမြင်လိုက်ရတဲ့ အခါမှာတော့ သူ့ခမျာ အထိတ်တလန့် ဖြစ်သွား ရှာပါတယ်။
စိုက်ပျိုးခင်းကြီးထဲက အိမ်ဝန်းကြီးထဲ သူ ပြေးဝင်ကာ “ဒီအိမ်ဝန်းကြီးထဲမှာ ကြွက်ထောင် ချောက် တခုရှိတယ်ဗျို့။ ဒီ အိမ်ဝန်း ကြီးထဲမှာ ကြွက်ထောင်ချောက် တခု ရှိတယ်”လို့ အော်ဟစ် သတိပေး နှိုးဆော်နေလေရဲ့။
မြေကြီးကို ခြေထောက်နှစ်ဖက်နဲ့ ရက်နေတဲ့ ကြက်မတကောင်ဟာ “ကတော်….ကတော်”နဲ့ အော်မြည်လိုက်ရင်းက “၀မ်းနည်း ပါတယ် ဦးကြွက် ရယ်….။ ဒါဟာ ရှင်ပဲ ရင်ဆိုင်ရမယ့် အန္တရာယ်ပါ….ကျမနဲ့ မပတ်သက်ပါဘူး။ ဒီအတွက် ကျမ စိတ်ပူနေစရာ မလိုပါဘူး ရှင်”လို့ ခေါင်းငုံ့ပြီး ပြောဆိုလေတယ်။

ကြွက်ဟာ ၀က်သိုးတကောင်ကို ထပ်တွေ့ ပြန်ပါတယ်။
“ဒီအိမ်ဝန်းကြီးထဲမှာ ကြွက်ထောင်ချောက် တခု ရှိတယ်။ ဒီအိမ်ဝန်းကြီးထဲမှာ ကြွက်ထောင် ချောက် တခု ရှိတယ်” လို့သူ ပြောပြပြန်တယ်။ “အလွန်စိတ်မကောင်းစရာပါပဲ ဦးကြွက်ရယ်” စာနာစိတ်နဲ့ ၀က်သိုးက ဆိုပါတယ်၊ “ဘုရားသခင်ထံ ဆုတောင်းရုံက လွဲလို့ ကျုပ်လဲ ဘာမှ မတတ်နိုင်ပါဘူး။ ခင်ဗျားအတွက် ကျုပ် ဆက်ဆက် ဆုတောင်းပေးမှာပါ”
ကြွက်ဟာ နွားနီကြီးကို ထပ်ပြီး ရှာတွေ့ပြန်တယ်။ နွားကြီးက “ဦးကြွက်ရယ်….ကြွက် ထောင် ချောက်က ကျွန်တော့်ကို ဘယ်လို အန္တရာယ်များ ပေးနိုင်မလဲဗျာ”လို့ ဆိုပြန်လေတယ်။ နောက်ဆုံးတော့ ကြွက်ငယ်ဟာ ခေါင်းငိုက်စိုက်နဲ့ သူ့သိုက်မြုံလေးထဲ ပြန် လာခဲ့တယ်။ လယ်သမားဇနီးမောင်နှံတို့ရဲ့ ထိုထောင်ချောက်ကို သူတဦးတည်းသာ အားငယ်စွာ မျက်နှာမူနေရတော့တယ်။
ထိုနေ့ညမှာပဲ အိမ်ဝန်းကြီးထဲက မောင်းခလုတ် ပြုတ်သံတချက် မြည်ထွက်လာတယ်။ အကောင် တကောင်ကောင်တော့ ထောင်မိ ဖမ်းမိပြီပေါ့။ လယ်သမားရဲ့ ဇနီးဖြစ်သူဟာ ရေးကြီးသုတ်ပျာ ထွက်လာပါတယ်။ ညကလည်း မှောင်မိုက်နေ။ ထောင်ချောက်ထဲ မိနေတာဟာ မြွေဆိုးတကောင်ရဲ့ အမြီးမှန်း သူမ မမြင်မသလိုက်ရှာဘူးလေ။ သူမဟာ အဆိပ်ရှိတဲ့ မြွှေဆိုးမြွေဟောက် တကောင်ရဲ့ အကိုက်ကို ခံလိုက်ရရှာတယ်၊
လယ်သမားဟာ သူ့မိန်းမကို ဆေးခန်းဆီ အမြန်ပို့ခဲ့ပါတယ်။ ဆေးခန်းမှ အိမ်ပြန်ရောက်လို့ မကြာခင်မှာ သူ့ခန္ဒာကိုယ်ဟာ အပူရှိန် တက်လာပါတယ်။ “အပူကို ကျစေနိုင်တာဟာ ကြက်ဥ ဟင်းချိုပါ”လို့ လူသူတချို့ပြောကြတာကို ကြားဖူးတယ်။ ဒါကြောင့် လယ်သမားဟာ တံစဉ် ပေါက်ပြားကို ကိုင်စွဲကာ ဟင်းချို ကျိုချက်ရာမှာ ပေါင်းယှက်ကူဖက်နိုင်မယ့် ဟင်းရွက်သစ်မြစ် တွေရှာဖွေဖို့ အိမ်က ထွက်ခွာ သွားလေရဲ့။
ရက်အတော်ကြာကြာ အိမ်နီးနားချင်း အသိမိတ်ဆွေများက အလှည့်ကျလာရောက်ပြီး ကူညီစောင့်ရှောက်၊ ကြည့်ရှုပြုစုခဲ့ ပေမယ့် ထိုလယ်သူမရဲ့ အခြေအနေဟာ သိပ်ကောင်းမလာ။ လာရောက် စောင့်ရှောက်သူတွေရဲ့ ကျေးဇူးကို တုံ့ပြန်ဖို့ လယ်သမားက သူ့ရဲ့ ၀က်သိုးကို သတ်ပြီး ထမင်းပွဲ တည်ခင်း ဧည့်ခံလိုက်ပါတယ်။
အဆိပ်ဒဏ်က ပြင်းထန်လှတာမို့ လယ်သူမရဲ့ အနာရောဂါဟာ တနေ့တခြား ပိုဆိုးလာတယ်။ နောက်ဆုံးတော့ အသက်ပါ ဆုံးခဲ့ရတယ်။ သူမ အသုဘကို လူသူအများအပြား လိုက်လံ ပို့ဆောင်ခဲ့ကြပါတယ်။ သူမရဲ့ နာရေးမှာ ပါဝင် ၀ိုင်းဝန်းခဲ့သူများကို လယ်သ မားကြီးက သူ့နွားတကောင်သတ်ပြီး ကျွေးမွေး ဧည့်ခံလေသတဲ့။
အဆွေ….နောက်တခါ လူတဦးဦး တယောက်ယောက်မှာ ပြဿနာနဲ့ အရေးကိစ္စကြုံနေရတဲ့ အသံကို သင်ကြားလိုက်ရလို့ သင်အနေနဲ့ ငါနဲ့ မဆိုင်ပါဘူးလို့ ခံစားတွေးထင်နေမိတယ်ဆိုရင် တဆိတ်လောက် ပြန်လည်အမှတ်ရစေချင်ပါတယ်။
“အိမ်တလုံးထဲ ကြွက်ဖမ်းတဲ့ ထောင်ချောက်တခု ရောက်ရှိလာပြီဆိုရင် ၀န်းခြံကြီး တခုလုံးလည်း အန္တရာယ် ခြိမ်းခြောက်မှု အောက် ကျရောက်လာနေပြီ”ဆိုတာပါပဲ။ ။

8 comments:

စိုးထက် - Soe Htet ! said...

ကြွက် ...

win zaw said...

that right....
-----------
အစ်ကို
ကဗျာခေါင်းစဉ် မလာလို့
လူကိုယ်တိုင်လိုက်လာတာ ကြွက်ထောင်ချောက်နဲ့တိုးရောဗျာ..

kyawthetlatt said...

အင်း..စဉ်းစားစရာပဲ

Tea said...

ထောင်ချောက်တွေပါတွေရောရှိလား
ဟီးး

ko pauk kyaing said...

i like this ...very meaningful...

myanmarpyi said...

ကြက်မကြီးကအဲဒီလိုပြောလိုက်တော့ကြွက်ကလေးကဘာပြန်ပြောသေးလဲ ..

phoeniz said...

အဲဒီလို အပြင်မှာ ဖြစ်ခဲမယ်ထင်တယ်။

phoeniz said...

ဒီပုံပြင်မှာ အဓိက တရားခံက မြွေဆိုးပါ .... သူ့ကြောင့် လယ်သမား မိသားစု ကို အကျိုးပြုနေတဲ့ ကြက်၊၀က်၊နွားတွေ ဒုက္ခရောက်ကြရတယ် ။ ဒါကြောင့် အဲလို မြွေဆိုးမျိုး ကိုယ့်အ၀န်းအ၀ိုင်းထဲ မ၀င်လာအောင် ဂရုပြုကြရပါမယ်။ နောက်ဆုံးတော့ ကြွက်က ဘာမှမဖြစ်ပဲ အပြစ်မဲ့တဲ့ တိရစ္ဆာန်တွေ သေကုန်ကြတယ်။