Saturday, October 4, 2008

ပန်းငယ်ဖြူ

နုနယ်တဲ့ နှလုံးသားကို
ရစ်ပတ် တွယ်တက်
ကဗျာနွယ်တခက်ကိုမှ နမ်းရှိုက်မိ။

သူ့ဘ၀ရဲ့
လပြည့်ညတွေဟာ
ကွယ်ပျောက် ကြွေနွမ်းခဲ့ရ။

(နောက် ...)
အသစ်ရောက်လာတဲ့ လမင်း
ညခင်းကို သာခဲ့ပေမယ့်
ကြင်နာမှုဆိုတဲ့ ရောင်ပြန်ကို
မြိုသိပ်ခြင်းက ၀ါးမြိုသွားခဲ့ ...။

ဖိတ်လျှံလာတဲ့
ဝမ်းနည်းစိတ်ကို တိမ်ဖုံး
အချစ်ရဲ့ နိဂုံးမှာ
မင်းတယောက် ပြုံးပါတော့။

ရိုး(ခေတ္တရာ)

3 comments:

ဖားကြီး said...

ကျွန်တော်ခံစားမိတာက စိုင်းထီးဆိုင်ရဲ့ မောင့်တစ်ပတ်နွမ်းကို ပြန်မြင်ယောင်လာတယ်ဗျ ခေါင်းစဉ်ရော ဘာရောပဲ ။ ဟဲ ဟဲ ဆိုင်မဆိုင်တော့မသိဘူးနော် ကျွန်တော်ခံစားမိတာပြောတာဗျ။ အနုပညာဆိုတာလည်း
အမျိုးမျိုးခံစားလို့ရတာပဲ ဟုတ်တယ်ဟုတ်....

အရုပ်ကလေး said...

ကဗျာလေး ကြိုက်တယ်

ငြိမ်းစု said...

ကိုဖားကြီးရေ ... စိတ်ခံစားမှု ထပ်ထူကျတယ်လို့ ယူဆမိပါတယ်။ စိုင်းထီးဆိုင်ရဲ့ မောင့်တစ်ပတ်နွမ်းကို ခံစားသလို ခံစားလိုက်တာဖြစ်မယ်။ ရေးသူ ဖတ်သူ တွေးပုံခြင်းတော့ မတူနိုင်ဘူးပေါ့။ ကျေးဇူးတင်တယ်ဗျာ အခုလို အပြုသဘော ဝေဖန်တင်ပြပေးတာကို ...