Wednesday, October 8, 2008

ဖရုဿညနေ

ဟေ့...သွားကြတော့မလား?

ဆင်လိုလို
ခြင်လိုလို

ကျားလိုလို
ဖားလိုလို

ဌက်လိုလို
ကြွက်လိုလို

စကားချိုတော့ မလိုလို
တရားဆိုတော့ မလိုလို

အရေးဟဲ့ဆို ... ပျောက်ပြီ။

ညနေဆီက ...
တိမ်မှင်ရည်ရုပ် ... ဟန်တွေလုပ်
ကျွန်ုပ်ထဆဲမိခဲ့သည်။

ရဲထိန်

6 comments:

Dream said...

အဟဲ... ကဗျာလေးက ဂွတ်လိုက်တာ... အဲဒီကဗျာလေးကြိုက်တယ်။
ဒါနဲ့ဘယ်ကိုသွားရမှာတုန်း... :P :P
ဖရုဿ ၀ါစာ တွေ မရွတ်နဲ့နော်.. ငရဲကြိးတတ်တယ်.. ဟဲဟဲ..
မက်မက်ကိုလည်းမဆဲနဲ့နော်... ဟီးဟိး... :P :P

ကဗျာလေးကိုကြိုက်တယ်။

တောင်ပေါ်သား said...

အကိုရေ ကဗျာလေးကို နှစ်သက်မိပါတယ်.. အကိုကဗျာလေးတွေက ကျနော်တို့တွေ တာဝန်မကျေသလို ခံစားရပါတယ်ဗျာ..

လင်းဦး(စိတ်ပညာ) said...

ကဗျာလေးက ထိမိလှပါ၏ :)

အိမ် said...

လူတွေရဲ့စရိုက်ကိုပေါ်လွင်စေတဲ့ ကဗျာလေးတပုဒ်ပါဗျာ။
ကောင်းတယ်ဗျ

Lway POe said...

အလို... ကောင်းလိုက်တဲ့င၏ကဗျာလေးတစ်ပုဒ်ပါလား။
လူတွေရဲ့ ဖြစ်တတ်တဲ့သဘာဝကို ရေးဖွဲ့ထားတာ အမှန်ပါဘဲလား။
မေမိုးမခ

ကောင်းကင်ကို said...

ကြိုက်တယ်ဗျ။ အပေါ်က အပုဒ်ကိုလည်း ဖတ်သွားတယ်။