ကျောင်းသားတပ်မတော်
စစ်စခန်းတောနက်ည
ဆိတ်ငြိမ်မတိုင်မှီကာလ
မယ်ဒလင်ပေါ်က
တက္ကသိုကျောင်းက ငွေလမင်း
တီးလက်မပါတဲ့ ကမ္ဘာမကြေဘူး။
ကိုယ်တိုင်မလာနိုင်တဲ့အတွက်
တောနက်နဲ့ တောင်မြင့်တွေက
ဆောင်းငွေ့လေအေးမြကို
ပို့ပေးလာ ...။
ညဟာ ...
ဘာမှမရှိဘဲနဲ့ကို
မွှေးအီသိပ်သည်းနေခဲ့တယ်။
ရဲဘော် ထက်မိုး
(၁၈ နိုဝင်ဘာ ၂၀၀၄။ ၀ဲကြီးစခန်း)
Monday, October 20, 2008
၁၆ နှစ်ထဲက နေ့ကောင်းရက်မြတ်များ
Subscribe to:
Post Comments (Atom)
3 comments:
မင်္ဂလာပါ ခင်ဗျား
ကဗျာကို လာဖတ်သွားတယ်။
လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်လိုက်ရပေမဲ့။
ရိုးမပေါ်က ငွေလရောင်အောက်မှာ
အိုဟောင်းနေတဲ့ ဂစ်တာလေးကို
တီးခတ် လွင့်မျောရင်း
ပျော်ရွင်ခဲ့ရတဲ့ အပေါင်းအဖေါ်များကို
လွမ်းနေဆဲပါ။ ဒီအနေအထားတွေကို နောက်ထပ် မရနိုင်တော့ဘူးလေ။
ရဲဘော်ထက်မိုး ---
နှလုံးသားက ထွက်ကျလာတဲ့--
ခံစားမှု တွေ ကို အနုပညာမြောက်အောင်
ဖန်တီးတတ်သူ မနှောဖြူသော--ကဗျာရေ-----
ဆောင်းငွေ့ လေအေးမြ တဲ့--မယ်စရီးယန်း ရဲ့
နေ့ရက် တွေ မှာ ယနေ့ခေတ်ပြိုင် လူငယ်
ကဗျာဆရာတွေအကြောင်း ဆွေးနွေးခဲ့ကြသလို--
ကျမတိုယ်တိုင် မမှတ်မိတော့တဲ့---
နဖူးစီးလေးနဲ့ ခပ်သွယ်သွယ် မိန်းကလေးတယောက်ရဲ့ ပုံပါတဲ့ သတင်းစာ
လေးကိုထုတ်ပြတယ်--
အော်---တကယ်ပဲအံ့သြမိတယ်လေ--
သုတေသနဌာန ရဲ့ မှတ်တမ်းထိမ်းသိမ်းထား
နိုင်တာကိုပါ---အမြဲပြုံးနေတတ်တဲ့ ရဲဘော်
ထက်မိုးက ကျမပုံလေးပါတဲ့သတင်းစာကို
ထုတ်ပြခဲ့တယ်မို့လား----အတိတ်ဆိုတာ
လူတိုင်းမှာရှိကြတယ်လေ---
ရဲဘော်ရဲ့သူရဲကောင်းစိတ်ဓါတ် ကို ထာဝရ
လေးစားလျက်ပါ---
"ညဟာ...
ဘာမှမရှိပဲနဲ့ကို
မွှေးအီသိပ်သည်းနေခဲ့တယ်" တဲ့လား။
ဘာမှ မရှိဘဲနဲ့လည်း
ရှိအောင်နေခဲ့ရမှာ ပဲ
သီချင်းတအေးအေးနဲ့
နေ့ကောင်းရက်မြတ်တွေလည်း
ဘ၀မှာ ရှိခဲ့ဖူးတယ်ပေါ့
အလိုနည်းလှချည့်...ရဲဘော်
စာနာပါ၏...။
Post a Comment