Wednesday, October 29, 2008

နှလုံးသားရှိက်သံ

ဝေးတမြေမှာဆွေးနေရပြီနော်
လှပတဲ့တောင်တန်း
လျှိုမြှောင် စမ်းတွေနဲ့
မမ
ရွှင်လန်းပါစေလို့  ။

သတိတရ
မရွှင်ပြနိုင်တဲ့
ကျနော်
တမ်းတ
မှန်းဆလို့ မျှော်ရင်း
နှိုင်းမရတဲ့ ခံစားမှုကို
နတ်ရှင်နောင်လို ရတုမဖွဲ့တတ် ။

ကျနော့်ရဲ့
ပူဆွေး ခံစား ... နေတဲ့
နှလုံးသားလေးဟာ
ဟို့ အဝေး ... ဆီက
မမရဲ့ ရင်ခွင်မှာ
လွင့်ပါး ပျော်ပိုက်
ရှိုက်သံတွေနဲ့ပေါ့ ... ... ။

သောကရက်ရှည်
နွမ်းလျအမောတွေနဲ့
ကျနော် ...
ဘယ်လို နှစ်သိပ်ရမှာလည်း။ ။

ရိုး(ခေတ္တရာ)
(၁၉၉၃-ဇန်နရီ မဲဟောင်စောင်)

1 comment:

Dr Phyo Wai Kyaw said...

ကဗျာလေးကို..ကြိုက်တယ်