Friday, October 31, 2008

အဇ္ဈတ္တလောကီ

ကြီးမားကျယ်ပြန့်တဲ့
ကောင်းကင်ကြီးမှာ
မိုးတိမ်တွေ ရှုတ်ထွေးနေသလို

ခေါင်းတွေထဲမှာလည်း
အတွေးဆတွေ ဗလပွနဲ့
စိတ်မှာက
သောကတွေ ဒဏ်ရာရနေတယ်။

အမေရယ်
ညီလေးကိုမနှိုးလိုက်ပါနဲ့။ ။

ရိုး(ခေတ္တရာ)

8 comments:

အရုပ်ကလေး said...

ကဗျာလေး ကောင်းတယ်
အပေါ်နှစ်ပိုဒ်ကို တော်တော်ကြိုက်တယ်
ခြုံပြီး ဖတ်လို့ တွေးရင်လည်း ကောင်းမွန်တဲ့
ကဗျာလေးပါ

ဆက်လက် အဆင်ပြေပါစေ

mirror said...

အမေရယ် ညီလေးကိုမနှိုးလိုက်ပါနဲ့ တဲ့လား...။
နိုးသွားရင် ကဗျာရေးသူလိုများကဗျာတွေစပ်နေ၊ခံစားနေမှာ
စိုးလို့လား....။
သိပ်ကောင်းတဲ့ စကားစုလေးပါပဲ...
ညီမ လေးနက်ပါတယ်

ကောင်းကင်ကို said...

ကဗျာလေး ကောင်းတယ်ဗျာ။

Dream said...

ကဗျာလေးကောင်းတယ်ဗျာ။ အသက်ဝင်တယ်..

အလှတရား said...

"အမေရယ်
ညီလေးကိုမနှိုးလိုက်ပါနဲ့"

ကိုယ်ချင်းစာမိတယ်...

su wai said...

ကဗျာလေး ကောင်းတယ်။ အမေရယ်… ညီလေးကို မနှိုးလိုက်ပါနဲ့… ဆိုတဲ့ နောက်ဆုံးပုဒ်လေးကို ဖတ်ပြီး ရင်ထဲမှာ တမျိုးပဲ။ ကဗျာကောင်းတစ်ပုဒ်ဆိုတာ စိတ်ခံစားမှုတွေ ပေးတတ်မြဲပဲနော်။

စိုင်းခမ်းထွန်း said...

လာဖတ်တယ်ဗျာ ကဗျာအရေးကောင်းတယ်

THU RA said...

ထိတယ်ဗျာ ။တကယ်ပါပဲ။