Monday, December 1, 2008

တိမ်တွေပြိုတဲ့နေ့

သူ့အမည်က မွှေးကြိုင်
ကျနော်တို့နိုင်ငံရဲ့ကြယ်နီတပွင့်
ကြွေလွင့်စောစွာ..။

ရှစ်လေးလုံးနောက်ခံသမိုင်း
ပဲခူးတိုင်းအနောက်ခြမ်းဒေသ
သွေးစည်းညီညွှတ်ရေးကော်မတီဖွဲ့စဉ်က
သူနဲ့ဆုံတွေ့ခဲ့ရ
အတူတူလှုပ်ရှားခဲ့ကြ
သွေးစည်းညီညွှတ်ခဲ့ကြ
သူ့အမည်နဲ့သူ့ပုံရိပ်ကိုမေ့မရခဲ့..။

အုတ်ဖိုမြို့ရဲ့ရွာကလေးတရွာက
မူလတန်းပြကျောင်းဆရာ
ကျောင်းသားတော်လှန်ရေးသမား
လူပုံကအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး
ဆံပင်တိုတို ပုဆိုးတိုတို
နှစ်လိုဖွယ်ရာကောင်းတဲ့မျက်နှာထားအောက်က
တောက်လက်အပြုံးပိုင်ရှင်…။

စစ်အာဏာရှင်ဆန့်ကျင်ရေးကျောင်းသား
လူ့ဘောင်သစ်ပါတီဝင်
ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင်
ရာဇ၀င်မှာစာတင်ခဲ့..။

ပေါင်းလောင်းဂွင်မှာကျဆုံးသွားတဲ့
သူ့ရဲ့သတင်းကိုကြားရတဲ့အခါ
နာကျဉ်းချက်နဲ့တက်တချက်ခေါက်ရင်း
ရဲရင့်ခြင်းရုပ်ပုံလွှာကို
ပြန်လည်ဖွေရှာမိခဲ့ပေါ့…။

(ရဲဘော်မွှေးကြိုင်ရေ)……
အဲဒီမြေ၀သုန်မှာ
ဂုဏ်ပြုအပ်တဲ့သူရဲကောင်းတွေရဲ့
ခွပ်ဒေါင်းအသက်ဝိညာဉ်နဲ့အတူ
ပြန်လည်ရှင်သန်ထမြောက်ပါစေသတည်း…။

နီလွင်သွေး(ဒဿနိကဗေဒ) ၂၁၊၈၊၂၀၀၆..။ ရဲဘော်မွှေးကြိုင်….သို့..။

2 comments:

kothura said...

အုတ်ဖို ဆိုတာဘယ်အုတ်ဖိုလဲဗျ.ပဲခူးတိုင်းမင်းလှနားက အုတ်ဖိုလား

ငြိမ်းစု said...

သိပ်ဟုတ်တာပေါ့။ ကိုသူရ
ပဲခူးတိုင်း အနောက်ခြမ်းက