Saturday, December 6, 2008

ဗလာ

ရေးကြီးသုတ်မပြာ
ဗျာကရာနဲ့ လောကကြီးထဲကိုလာ
ဗလာသက်သက်
ဖွားဖက်တော် ။

ဟော
ရုတ်တရက်
နှုတ်မဆက်ပဲ သွားကြ
ရှေ့ကလူတွေ ။

ရာထူး
ရွှေငွေ
ဆွေမျိုး
ချစ်ခြင်းမေတ္တာ
ဘယ်သူယူသွားကြတာ
မြင်ဖူးလဲ ။

ဝမ်းနည်းပါရဲ့
အနာဂတ လက်မဆက်ခဲ့ရ
သူတွေ ။

ကဲ
ဆက်သွားကြ
ခေါင်းတွဲမပါတဲ့ "လား" တွေ
မဖြစ်ကြစေနဲ့ ။

ဗလာာသက်သက်
မထွက်ခွါမှီ ။ ။

တိုးသစ်

3 comments:

Anonymous said...

ရာထူး
ရွှေငွေ
ဆွေမျိုး
ချစ်ခြင်းမေတ္တာ
ဘယ်သူယူသွားကြတာ
မြင်ဖူးလဲ ။

အရမ်းအဓိပါယ်ရှိတဲ့ မေးခွန်းလေးပါ

Anonymous said...

လောက်ကြီးထဲ ကို လောက်ကြီးထ လို့ပြင်သင့်ပါတယ်။

Myo Win Zaw said...

တစ်ခုခုယူသွားဖို့ထက်ပေးဆပ်ခဲ့ဖို့ ပြောနေသလိုဘဲ