Wednesday, January 28, 2009

လူငယ်

သူတို့တတွေ
ဂျင်းဘောင်းဘီဝတ်တယ်….
ဆံပင်ရှည်ရှည်ထားတယ်….
နားကပ်တဖက် ပန်တယ်….
ဆေးမှင်ကြောင်ထိုးတယ်….
ရက်ပ် ဂီတကိုခံစားတယ်….
အစုအဝေးနဲ့နေတယ်…
ဘီယာသောက်တယ်….
ကခုန်တယ်..။

သူတို့တတွေ
လွတ်မြောက်လိုစိတ်ရှိတယ်…
အမှန်တရားကိုမြတ်နိုးတယ်…
မတရားမှုကိုဆန့်ကျင်တယ်…
စွန့်စားလိုစိတ်ရှိတယ်…
ငြိမ်းချမ်ရေးကိုမြတ်နိုးတယ်…
စစ်ကိုဆန့်ကျင်တယ်…။

နီလွင်သွေး(ဒဿနိကဗေဒ)

6 comments:

Welcome said...

အနှစ်သာရ ပြည့်ဝပြီး စစ်မှန်တဲ့ လွတ်လပ်မှုကို လိုလား တောင့်တပါတယ်။

လေးစားလျက်

My Diary said...

နားကပ်တစ်ဖက်ပန်တယ်တဲ့
တို့လည်းပါသွားပြီ

ကဗျာလေးကို လူတိုင်းလက်ခံလိမ့်မယ်လို့ ယုံကြည်မိတယ်

Mirror said...

ဟုတ်ကဲ့...အရှေ့က ကိုဝင်းဇော်ကြီးပြောသွားသလိုပါပဲ။
အနှစ်သာရပြည့်ဖို့လဲ လိုအပ်ပါတယ်။

ယဉ်ကျေးမှုကို လုံးလုံးမဆန့်ကျင်သော အမှန်တရားမြတ်နိုးမှုလဲ ဖြစ်ဖို့လိုပါတယ်။

ညီမ
mirror

နွေဆူးလင်္ကာ said...

အပေါ်တစ်ပိုဒ်လို လူငယ်ဟာ လူငယ်လို နေတာကို တချို့ ခေါက်ရိုးကျိုးအသိနဲ့ လူကြီးတွေက မျက်မှန်စိမ်းတပ်ကြည့်တတ်တယ်။ အောက်တစ်ပိုဒ်လို ရှိနေတာကိုတော့ သူတို့တွေက မြင်အောင် မကြည့်ကြဘူး။

vanko said...

ဟုတ်ပါတယ်။ ကဗျာလေးက လူငယ်တွေရဲ့ ပင်ကိုယ်သဘာဝကို ပြောပြနေပါတယ်။ ဆရာဗန်းမော်တင်အောင်ကတော့ လူငယ် အားမာန်တက်ကြွတဲ့အရွယ်မှာ မာန်မာနကို ပါးချပ်တပ်ဖို့လိုတယ်လို့ ဆိုပါတယ်။ လွတ်လပ်မှုဟာလည်း အနှစ်သာရရှိဖို့လိုသလို၊ ဖြူစင်တည်ကြည်တဲ့ ကိုယ်စိတ်နှစ်ပါးရှိခဲ့ရင် ပိုပြီးလူငယ် ပီသမှာပါ။ အပေါ်ယံအသွင်အပြင်နဲ့တော့ တန်ဖိုးမဖြတ်သင့်ဘူးပေါ့။

နေစိုးနိုင် said...

ကောင်းပါတယ်ဗျာ ...
လူကြီးဆိုတာ တချိန်တုန်းက လူငယ်တွေ ဖြစ်ခဲ့ကြတယ်ဆိုတာ ကို လူကြီးတွေက မေ့နေတတ်ကြတယ်ဗျ