Wednesday, February 11, 2009

ရိုင်းစိုင်းကပ်ပါးကောင်များနှင့် ကမ္ဘာအိုကြီး

ရမယ်ဆိုရင်
ကမ္ဘာကြီးကို
ခဏလောက်ပျော့ခိုင်းချင်တယ်
လောက်စာလုံးတဲ့ ရွှံ အရွယ်ပေါ့..
ပြီးမှ
လိုတဲ့ပုံ ပြန်သွင်းမယ်လေ
ခုကမ္ဘာကြီးက
အဖုအထစ်တွေများနေပြီ…။

နောက်…
ကပ်ပါးကောင်တွေကိုလည်း
ပုံစံ ပြန်ပြောင်းလိုက်မယ်
မျက်စိကြီးကြီး နားကြီးကြီးနဲ့
ခေါင်းက ခုထက်ကြီးရမယ်
ပါးစပ်ပေါက်တော့ ခုထက်ငယ်ရမယ်…။

လက်တံရှည်ရှည် ခြေရှည်ရှည်နဲ့
အူတွေလည်း ခုထက်ရှည်ရမယ်
အစာအိမ်တော့ ခုထက်သေးမှရမယ်…။

လိုအပ်ရင်
အတောင်ပံတွေ တပ်ရမယ်
အလင်းနှုန်းထက် မြန်မြန် ပျံနိုင်အောင်လို့….။

လွန်လွန်းအောင် ချွန်ထက်နေတဲ့
အစွယ်လိုလို သွားမျိုးတွေ မရှိအောင်တော့
သွားတွေအားလုံး တုန်းထားရမယ်…..။

မြွေဆိပ်လိုပြင်းတဲ့ တံတွေးတွေနဲ့
ဒုက္ခမပေးနိုင်အောင်လို့လည်း
တံတွေးဂလင်းကို ထုတ်ထားရမယ်…။

ကမ္ဘာကြီး အခုထက်ပိုချောမွေ့အောင်လို့
ကပ်ပါးကောင်တွေ အခုထက်ပို ယဉ်ကျေးအောင်လို့…..။

လူဗိုလ်

No comments: