Monday, February 9, 2009

ဆိုကရေးတီးနဲ့ စကားပြောခြင်း

ငါတို့အိမ်တွေကို လွမ်းနေတဲ့အချိန်မှာ
ဒီတောင်တန်းတွေက ငါတို့တောင်တန်းတွေမဟုတ်ဘူး..။

ငါတို့မြေနီလမ်းတွေကို လွမ်းနေတဲ့အချိန်မှာ
ဒီလမ်းမတွေက ငါတို့လမ်းမတွေမဟုတ်ဘူး…။

ငါတို့ပိတောက်ပင်တွေကို လွမ်းနေတဲ့အချိန်မှာ
ဒီတောတောင်ဝန်းကျင်က ငါတို့ဝန်းကျင်မဟုတ်ဘူး…။

ငါတို့မြစ်တွေကို လွမ်းနေတဲ့အချိန်မှာ
ဒီမြစ်တွေက ငါတို့မြစ်တွေမဟုတ်ဘူး..။

ငါတို့မျက်နှာတွေရဲ့အပြုံးတွေကို လွမ်းနေတဲ့အချိန်မှာ
ဒီအပြုံးတွေက ငါတို့အပြုံးတွေမဟုတ်ဘူး…။

ငါချစ်တတ်လို့
လုံချည်စိမ်းနဲ့ အင်္ကျီဖြူအရွယ်မှာ
သူပုန်ထခဲ့ဖူးတယ်..။

ငါချစ်တတ်လို့
၂၂ နှစ်သားအရွယ်မှာ
မြို့တမြို့ကို အုပ်ချုပ်ခဲ့ဖူးတယ်..။

ငါချစ်တတ်လို့
မကြာခဏ အဖမ်းခံရ
အစစ်ဆေး အနှိပ်စက်ခံခဲ့ရတယ်..။

ငါချစ်တတ်လို့
မြေအောက်လှုပ်ရှားမှုမှာ ပါခဲ့တယ်..။

ငါချစ်တတ်လို့
လွတ်မြောက်နယ်မြေကို ထွက်ခဲ့ရတယ်..။

ငါချစ်တတ်လို့
ဆိုကရေးတီး ရဲ့ အဆိပ်ခွက်ကို
မကြာခဏ သောက်ဖူးတယ်…။

နီလွင်သွေး(ဒဿနိကဗေဒ)

2 comments:

Co2zeиith said...

အ၇မ်း ကောင်းတရ်ဗျာ။
ကဗျာတွေ ဖတ်ရတာ အားကျတရ် ဗျာ။
ေ၇းတတ် ချင်လိုက်တာ အစ်ကိုတို့ လို။

မောင်ရှင်းသန့် said...

ဆိုကရေးတီး နဲ့ ဖွင့်အန် ထားတာ အရမ်း သဘောကျတယ်ဗျာ ။

ကျွန်တော် ချစ် တတ်ပါတယ် ........